PhotobucketPhotobucketPhotobucket
Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket
Showing posts with label နီတိကဗျာများ. Show all posts
Showing posts with label နီတိကဗျာများ. Show all posts

Wednesday, October 6, 2010

မြန်မာ ရှစ်လုံးဘွဲ့ နီတိကဗျာများ

၁၊၊ နဂိုသာဝတ် ၊ တုလွတ်ရွှေပြည်၊
ဇေဝန်ကျောင်း ၊ ခညောင်းမထေရ်
ကိန်းပျော်စံစား ၊ မြတ်ဖျား ဘုန်းစည်၊
မြိုက်ရေအေး၊ တိုက်ကျွေးဝေငှသည်။
၂။  ထိုခါနတ်သား  ၊  ခစားရောက်လာ၊
သန်းခေါင်ချိန်တွင်း ၊ ရောင်လင်းပတာ၊
လက်စုံမိုး၍ ၊ ရှိခိုးပြီးကာ၊
ရှင်တော်ဖျား ၊ လျောက်ထားဤသို့ပါ။
၃။ မကြီးမပွား ၊ ပျက်ပြား  ယွင်းယို၊
ထန်းငုတ်တိုကြီး ၊ ပုံမှီးအဆို၊
ပရာဘဝ ၊ ဓမ္မထိုထို၊
နှုတ်တော်ဖွင့် ၊ ကျူးရင့်မိန့်စေလို။
၎။ သိဉာဏ်များက ၊ကြီးပွားထက်သန်၊
အမြင်နည်းပါး ၊ပျက်ပြားအမှန်၊
တရားချစ်လို့ ၊ ပွားသစ်  လျင်မြန်၊
တရားမုန်း ၊ ဆုံးရှုံး ပျက်စီးရန်။
၅။ မသူတော်စု ၊ ချစ်မှုအားသန်၊
သူတော်အစစ် ၊ မချစ်တစ်ရန်၊
သူတော်တရား ၊ ပစ်ထားလေပြန်၊
မကြီးပွား  ၊မှောက်မှား စင်စစ်မှန်။
၆။  အိပ်ကြူးလွန်များ ၊  ပွဲသွားစိတ်ပါ၊
မထကြွခြင်း ၊  အပျင်း  တစ်ဖြာ၊
မျက်မာန်လွှမ်းလို့ ၊ ကြမ်းတမ်းယုတ်မာ၊
မကြီးပွား ၊ လျော့ပါးဆုတ်ယုတ်ရာ။
၇။ ကျေးဇူးလွန်ဘိ ၊ ဘ-မိ  နှစ်ဖြာ၊
အိုမင်းလေပြီး  ၊ သက်ကြီးနှစ်ဖြာ၊
ရိုသေပေးလို့  ၊ မကျွေးသူမှာ၊
ကြီးပွားရေး  ၊ ကင်းဝေးစင်လို့ကွာ။
၈။  ရဟန်း   ပုဏ္ဏား  ၊ တောင်းစားသူကို၊
လှည့်ပတ်တုံငြား ၊ မုသားအပို၊
အထင်လွဲလို့  ၊  ဆိုလဲသူ,ဆို၊
မကြီးပွား ၊ ပျက်ပြားချွတ်ယွင်းယို။
၉။  ရွှေ ၊ ငွေ ၊ ဘောဂိ  ၊ ပေါဘိထွေထွေ၊
မလှူမတန်း၊  မကမ်းမဝေ ၊
ကိုယ်တည်းစားလို့ ၊ ဝါကြွားကာနေ၊
မကြီးပွား  ၊ ပျက်ပြားရန်ဖို့ပေ။
၁၀။   အမျိုး မာန ၊ ဘောဂ မာန်စွယ်၊
တံခွန်ဆောက်ထား  ၊ မောက်ကြွားတကယ်၊
ဇာတ်တူ  လူချင်း ၊  နှိမ်နင်းပြန်တယ်၊
ကြီးပွားရေး  ၊ လွင့်ပြေးကုန်ပျောက်ကွယ်။
၁၁။   ကညာမက်လို့   ၊ သေရက်ကိုခင်၊
လောင်းပျော်ကစား ၊ အမှားဘုရင်၊
ပစ္စည်းပြုန်းဖို့  ၊ အသုံးတွင်တွင်၊
ကြီးပွားပဲ ၊ ယိုင်လဲမြေသို့ဝင်။
၁၂။  ပြည့်တန်ဆာကြိုက် ၊ သွားလိုက်ကြည်ဖြူ၊
ကိုယ်ပိုင်  မယား ၊ ချစ်အားမကူ၊
သူတပါး၏ ၊ မယားကိုမြှူ၊
မကြီးပွား ၊ ပျက်ပြားကြွက်ကြွက်ဆူ။
၁၃။   သားရေရှုံ့တွ ၊ ကုန်းကွ ရွတ်ယို၊
သက်ကြားအိုကြီး ၊  ဇနီးအပျို ၊
အနုကြိုက်လို့ ၊ သိန်းပိုက်မြှူချို၊
ကြီးပွားပဲ ၊ လွန်ကဲပင်ပန်းပို။
၁၄။  မူးယစ်သောက်စား ၊ ပျော်ပါး လော်လည်၊
မိန်းမ ယောက်ျား ၊ ဖောက်ပြား မတည်၊
ကြီးကဲ ထားလို့  ၊  ဝပ်တွားလေသည်၊
ကြီးပွားပဲ ၊ ယိုင်လဲရှာတော့သည်။
၁၅။  ဥစ္စာ မွဲလျက် ၊ရမ္မက် ပိုလွန်၊
မထိုက်တန်သော  ၊ သဘောမညွန်၊
မင်းစိတ်ပေါက်လို့  ၊ သွေးမြှောက် ချွန်ချွန်၊
ကြီးပွားဘူး ၊ သူရူး သူမိုက်ကျွန်။
နိဂုံးကဗျာ
၁၆။  ပရာဘဝေါ ၊ မိန့်ဟော   ရွှေဗျာ၊
မြဲမှတ်တုံငြား ၊ အများတကာ၊
ကြီးပွားနိုင်ပဲ  ၊ ယိုင်လဲချူချာ၊
သုတ္တန်ထွက် ၊  ကျမ်းချက် ဒေသနာ။
ဥယောဇဉ်  ကဗျာ
၁၇။   ပျက်စီးစေကြောင်း ၊ မကောင်းယုတ်မာ၊
ကြီးပွား  ရန်ဘက် ၊ ကျမ်းထွက်အလာ၊
လွတ်အာင်ပုန်းလို့ ၊ ရွံ့မုန်းကြပါ၊
ကိုယ့်အကျိုး ၊ ပွားတိုးစေဖို့ရာ။

မြန်မာ ရှစ်လုံးဘွဲ့  နီတိကဗျာများ
၁၊၊ နဂိုသာဝတ် ၊ တုလွတ်ရွှေပြည်၊
ဇေဝန်ကျောင်း ၊ ခညောင်းမထေရ်
ကိန်းပျော်စံစား ၊ မြတ်ဖျား ဘုန်းစည်၊
မြိုက်ရေအေး၊ တိုက်ကျွေးဝေငှသည်။
၂။  ထိုခါနတ်သား  ၊  ခစားရောက်လာ၊
သန်းခေါင်ချိန်တွင်း ၊ ရောင်လင်းပတာ၊
လက်စုံမိုး၍ ၊ ရှိခိုးပြီးကာ၊
ရှင်တော်ဖျား ၊ လျောက်ထားဤသို့ပါ။
၃။ မကြီးမပွား ၊ ပျက်ပြား  ယွင်းယို၊
ထန်းငုတ်တိုကြီး ၊ ပုံမှီးအဆို၊
ပရာဘဝ ၊ ဓမ္မထိုထို၊
နှုတ်တော်ဖွင့် ၊ ကျူးရင့်မိန့်စေလို။
၎။ သိဉာဏ်များက ၊ကြီးပွားထက်သန်၊
အမြင်နည်းပါး ၊ပျက်ပြားအမှန်၊
တရားချစ်လို့ ၊ ပွားသစ်  လျင်မြန်၊
တရားမုန်း ၊ ဆုံးရှုံး ပျက်စီးရန်။
၅။ မသူတော်စု ၊ ချစ်မှုအားသန်၊
သူတော်အစစ် ၊ မချစ်တစ်ရန်၊
သူတော်တရား ၊ ပစ်ထားလေပြန်၊
မကြီးပွား  ၊မှောက်မှား စင်စစ်မှန်။
၆။  အိပ်ကြူးလွန်များ ၊  ပွဲသွားစိတ်ပါ၊
မထကြွခြင်း ၊  အပျင်း  တစ်ဖြာ၊
မျက်မာန်လွှမ်းလို့ ၊ ကြမ်းတမ်းယုတ်မာ၊
မကြီးပွား ၊ လျော့ပါးဆုတ်ယုတ်ရာ။
၇။ ကျေးဇူးလွန်ဘိ ၊ ဘ-မိ  နှစ်ဖြာ၊
အိုမင်းလေပြီး  ၊ သက်ကြီးနှစ်ဖြာ၊
ရိုသေပေးလို့  ၊ မကျွေးသူမှာ၊
ကြီးပွားရေး  ၊ ကင်းဝေးစင်လို့ကွာ။
၈။  ရဟန်း   ပုဏ္ဏား  ၊ တောင်းစားသူကို၊
လှည့်ပတ်တုံငြား ၊ မုသားအပို၊
အထင်လွဲလို့  ၊  ဆိုလဲသူ,ဆို၊
မကြီးပွား ၊ ပျက်ပြားချွတ်ယွင်းယို။
၉။  ရွှေ ၊ ငွေ ၊ ဘောဂိ  ၊ ပေါဘိထွေထွေ၊
မလှူမတန်း၊  မကမ်းမဝေ ၊
ကိုယ်တည်းစားလို့ ၊ ဝါကြွားကာနေ၊
မကြီးပွား  ၊ ပျက်ပြားရန်ဖို့ပေ။
၁၀။   အမျိုး မာန ၊ ဘောဂ မာန်စွယ်၊
တံခွန်ဆောက်ထား  ၊ မောက်ကြွားတကယ်၊
ဇာတ်တူ  လူချင်း ၊  နှိမ်နင်းပြန်တယ်၊
ကြီးပွားရေး  ၊ လွင့်ပြေးကုန်ပျောက်ကွယ်။
၁၁။   ကညာမက်လို့   ၊ သေရက်ကိုခင်၊
လောင်းပျော်ကစား ၊ အမှားဘုရင်၊
ပစ္စည်းပြုန်းဖို့  ၊ အသုံးတွင်တွင်၊
ကြီးပွားပဲ ၊ ယိုင်လဲမြေသို့ဝင်။
၁၂။  ပြည့်တန်ဆာကြိုက် ၊ သွားလိုက်ကြည်ဖြူ၊
ကိုယ်ပိုင်  မယား ၊ ချစ်အားမကူ၊
သူတပါး၏ ၊ မယားကိုမြှူ၊
မကြီးပွား ၊ ပျက်ပြားကြွက်ကြွက်ဆူ။
၁၃။   သားရေရှုံ့တွ ၊ ကုန်းကွ ရွတ်ယို၊
သက်ကြားအိုကြီး ၊  ဇနီးအပျို ၊
အနုကြိုက်လို့ ၊ သိန်းပိုက်မြှူချို၊
ကြီးပွားပဲ ၊ လွန်ကဲပင်ပန်းပို။
၁၄။  မူးယစ်သောက်စား ၊ ပျော်ပါး လော်လည်၊
မိန်းမ ယောက်ျား ၊ ဖောက်ပြား မတည်၊
ကြီးကဲ ထားလို့  ၊  ဝပ်တွားလေသည်၊
ကြီးပွားပဲ ၊ ယိုင်လဲရှာတော့သည်။
၁၅။  ဥစ္စာ မွဲလျက် ၊ရမ္မက် ပိုလွန်၊
မထိုက်တန်သော  ၊ သဘောမညွန်၊
မင်းစိတ်ပေါက်လို့  ၊ သွေးမြှောက် ချွန်ချွန်၊
ကြီးပွားဘူး ၊ သူရူး သူမိုက်ကျွန်။
နိဂုံးကဗျာ
၁၆။  ပရာဘဝေါ ၊ မိန့်ဟော   ရွှေဗျာ၊
မြဲမှတ်တုံငြား ၊ အများတကာ၊
ကြီးပွားနိုင်ပဲ  ၊ ယိုင်လဲချူချာ၊
သုတ္တန်ထွက် ၊  ကျမ်းချက် ဒေသနာ။
ဥယောဇဉ်  ကဗျာ
၁၇။   ပျက်စီးစေကြောင်း ၊ မကောင်းယုတ်မာ၊
ကြီးပွား  ရန်ဘက် ၊ ကျမ်းထွက်အလာ၊
လွတ်အာင်ပုန်းလို့ ၊ ရွံ့မုန်းကြပါ၊
ကိုယ့်အကျိုး ၊ ပွားတိုးစေဖို့ရာ။
အဂ္ဂမဟာ ဂန္ထဝါစက ပဏ္ဍိတ လယ်တီအရှင်ကေလာသ သာသနဓဇ ဓမ္မာစရိယ  ဝိနယပါဠိပါရဂူ
Photobucket

အမေနေ့အမှတ်တရ

မြန်မာ့အနုပညာ

you