PhotobucketPhotobucketPhotobucket
Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket
Showing posts with label .ဒို့…..ရွှေ..သိဖို့. Show all posts
Showing posts with label .ဒို့…..ရွှေ..သိဖို့. Show all posts

Wednesday, July 28, 2010

မိဘမှာတမ်း တွေးသိစမ်းလေ

• ကိုယ့်ကြောင်းကိုယ်သိ၊ သတိရှိပါ၊
  မိဘ.ဆရာ. ၊ ဆွေ..သဟာက
  လိမ္မာရိုးသား ၊ အလုပ်ကြိုးစား ဟု
  မှာကြားပြုခါ ၊ ပြည်မြန်မာမှ
  မလေးရှားမည် ၊ နိုင်ငံဆီသို့
  ခုလိုတို့အား ၊ ငွေများရရေး
  အတွေးလေးနဲ့ ၊ ပို့ပေးခဲ့တယ်နော်
• နောက်ပိုင်းကျန်ရှာ၊ မိဘမှာတော့
  ဒို့သား/သမီးလေး ၊ ဒို့နဲ့ဝေးရာ . မလေးမှာပေါ့
  လိမ္မာလှစွာ ၊ ကြိုးစားရှာပြီး ၊ ရလာငွေကြေး
  ပြန်ပို့ပေးခါ ၊ ဒို့ကျေးဇူးတွေ ၊သိချေမှာပဲ
  ဆပ်မှာပဲလို့ ၊ ရင်ထဲတွေးသလို
  ရိုးသား ကြိုးစား ၊သမီးသားရဲ့
  လုပ်အားတွေကြောင့် ၊ ဒို့များဘဝ
  ရှေ့ရေးလှမယ် ၊ ထင်ကြတယ်လေ
• ဒါပေမဲ့ပေါ့ ....
  ကိုယ့်ပြည်ဝေးငြား
  မလေးရှားရောက် ၊ အစလောက်တော့
  လိမ္မာကြကုန်….၊ အလုပ်စုံမှာ
  ဝင်လုပ်ကာဖြင့် ၊ မပျင်းနေ့ည
  ကြိုးစားကြ၍ ၊ ငွေရလည်းတော်
  စိတ်လဲပျော်စွာ ၊ နှစ်ဖေါ်မိဘ
  ကိုယ့်ဒေသသို့၊ ငွေပြန်ပို့ပြီး
  သားသမီး တွေ ၊ တာဝန်ကျေခဲ့၏
• တစ်လတစ်လ ၊ ငွေစလေးရွှင်
  လုပ်ရုံပြင်ထွက် ဖော်မင်..ဘက်ရှာ
  ပေါင်းသင်းစုံလာ ၊ နေ့ရက်ကြာတော့ ၊
  မိဘမေတ္တာ ၊ မေ့လျှော့လာပြီး ၊
  ခင်ရာပေါင်းသင်း ၊ သူငယ်ချင်းနဲ့ ၊
  မြို့တွင်းလှည့်ကာ ၊ သွားလိုရာသွား ၊
  စားလိုစားပြီး ၊ မူးယစ်ဖောက်ပြား
 ရိုးသားမှုရှင်း ၊ ကြိုးစားကင်းကာ
 ဆန်းပြားလာလျှက် ၊အကြွားဖက်သလို
 လမ်းသလားပိုခဲ့။


• ဒီလိုနဲ့နော် ၊ တွေးခေါ်မရှိ
  သတိမဲ့စွာ ၊ စည်းပဲ့လာပြီး
  စိတ်ကူးပေါ်ရာ၊လုပ်ရုံတွေပေါင်း ၊
  ထိုဤပြောင်းရန်၊အကြောင်းဖန်လျှက်၊
  အဖေါ်မက်ကာ၊ ပျော်ဖက်လာ၍ ၊
  နောက်ပိုင်းမေ့ခါ၊မိတ်သဟာဖြင့် ၊
  ပျော်စွာလှည့်သွား၊ငွေဖြုန်းငြား၏…၊
  စဉ်းစားဆင်ခြင်၊ဉာဏ်မယှဉ်တော့ ၊
  မေ့လျှော့လျှောလေ….
• သတိသတိ ၊ အစဉ်ရှိပါ
  သင်တို့လာစဉ် ၊ သင့်စိတ်တွင်ကား…
  ငွေရှာဖို့လား…ပျော်ဖို့လားဟု….။
• သင်လာစဉ်လေ ၊ ပါလာငွေသည်
  မိဘငွေလား ကိုယ်ပိုင်လားဟု…။
• သင့်မိဘများ ၊ မှာစကားသည်
  ပျော်ပါးဖို့လား ၊ တော်ဖို့လားဟု.။
• သင့်ရဲ့လုပ်အား ၊ ငွေကြေးများဖြင့်
  သင့်အားဤသို့…၊ အရောက်ပို့ပြီး
  ကျေးဇူးကြီးသည့် ၊ တာဝန်သိ..ကျေ
  ကျန်ရစ်ခဲ့လေ ၊ နောက်ပိုင်းမြေမှ ၊
  မိဘစပြု ၊ မိသားစုကို….၊
  လုပ်ကျွေးဖို့လား..ဖြုန်းဖို့လားဟု….
  လားလားလားလား..........
  လားပေါင်းများစွာ ၊ စဉ်းစားပါလေ
  သတိချွေ၏….ဒို့…..ရွှေ..သိဖို့……

အညာမြေ ဌေးလှိုင်(ရမည်းသင်း)

အရှင်နန္ဒ၀ံသ
ပရိယတ္တိသာသနာ့ပါလ ဓမ္မာစရိယ
သာသနဓဇဓမ္မာစရိယ
M.A (M.U …India) M.A (Colombo, Sri Lanka)
ညောင်ကန်အေးသာသနာ့ရိပ်သာ.
ကူချိုင်းလားမား
၀၁၄၆၆၄၆၈၄၅
Photobucket

အမေနေ့အမှတ်တရ

မြန်မာ့အနုပညာ

you