PhotobucketPhotobucketPhotobucket
Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket
Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts

Wednesday, June 8, 2011

သာသနာတော်နှင့်ပတ်သက်၍


ဟစ်တိုင်မြန်မာနှင့်ကမ္ဘာ့ရေးရာပဲ့တင်သံများ အင်တာနက်စာမျက်နှာ ဒီမှာနှိပ်ဖွင့်ကြည့်ပါ http://hittai.net/?show=rm&fileid=86&t=home10&id=10   ၌ အဖြူရောင်ဝိရောဓိ ကဏ္ဍတွင်
29.5.2011 က ရေးသား တင်ပြခဲ့သော စာရေးသူ အောင်ရဲလင်း (စစ်တွေ) ၏ ပြည်ပရောက် ရဟန်းသံဃာတော်များ သို့ အိတ်ဖွင့်ပေးစာ ဟူသောဆောင်းပါး အင်တာနက်စာမျက်နှာ http://hittai.net/?show=rm&fileid=86&t=home10&id=10 အားပြန်လည်ရေးသားပေးပို့ပါသည်။

မိမိတစ်ဦးတည်း၏ အတွေးအမြင်ဖြစ်ပါသည်
(thuwunnaoscar)

ဤအိတ်ဖွင့်ပေးစာကို ရေးသားသူစာရေးဆရာ စစ်တွေအောင်ရဲလင်း၏ ရည်ရွယ်ချက်အစစ်အမှန်ကို သုံးသပ် ကြည့်မည်ဆိုပါလျှင် ၎င်းရေးသား ခဲ့သော စာကိုသာ သေသေချာချာ ပြန်လည် ၍ အထပ်ထပ် အခါခါ ဖတ်ရှုပါမူ ၎င်း၏ ဆိုလိုရင်းနှင့် လိုရင်း အမှန်ကို သိသာပါလိမ့်မည် ။

သံဃာတော်များအားနိုင်ငံရေးကိစ္စထဲ ဝင်မပါ ပါအောင်လုပ်ဆောင်ချက်ပင်ဖြစ်နေသည် ။
အလှူခံစားသော သံဃာမရှိမဟုတ်ရှိပါလိမ့်မည်။ သို့ပါမူ ဤစာအရမူ စာရေးသူ၏ တကယ့်ရည်ရွယ်ချက်က အလှူခံစားသော သံဃာ ပပျောက်ရေးနှင့် သာသနာတော် အတွက် စေတနာမှန်ကို ဖော်ထုတ်လိုချင်းထက် ၎င်းဖြစ်စေလိုနေသော ရည်ရွယ်ချက်မှာမူ သံဃာတော် တို့စုပေါင်းအားသုံးပြီး လက်ရှိအစိုးရကို တော်လှန်စေ လိုခြင်းကသာ ရည့်ရွယ်ချက် အမှန်ဖြစ် နေသည်ကို သေသေချာချာ ဖတ်သောသူတိုင်း သိနိုင်ပါသည် ။


သံဃာတော်တို့အတွက်လိုက်နာကျင့်သုံးရမည်ဖြစ်သော ဥပဒေကို သံဃာတော်တိုင်း သိပါသည် ။
သီလဝိသုဒ္ဓိ အာဏာပါတိမောက် ဝိနည်းတော်များကသာလျှင် သံဃာတော်တို့ နေထိုင်ပြုမူ ပြောဆို ကျင့်ကြံကြရမည့် အကျင့်တရား ဖြစ်ပါသည် ။

မွေးလာသမျှသော လူသားတိုင်းသာ လူကောင်းသက်သက်ဖြစ်ပါမူ ဥပဒေနှင့် အုပ်ချုပ်သူမလိုအပ်ပါ။
စည်းကမ်းနှင့် အာဏာမလိုအပ်ပါ ။
ထိုကဲ့သို့ပင် ဝတ်သမျှသောရဟန်းမည်တိုင်းလဲ ရဟန်းတို့ ကျင့်သုံးရမည့် သိက္ခာ သီလ အလုံးစုံကို ကျင့်ကြံရာ၌ ပြစ်မျိုးမှဲ့မထင် ပြည့်စုံနိုင်လိမ့်မည် ။

မဟုတ်ပါပေ သာသနာတော်ကို အညစ်အကြေးစွန်းထင်းစေနိုင်သော ရဟန်းတို့ ကား အမှန်ပင်ရှိနိုင်ပါလိမ့်မည် အများနှင့်ရော၍ပါလာနိုင်ပါ၏ ။
သို့ရာတွင်မူ ကိုယ့်ပတ်ဝန်းကျင်တစ်ခုတည်းကိုသာကြည့်၍ အများသည်လည်း ဒီအတိုင်းပါပဲဆိုကာ ဝါးလုံးရှည်ထိပ်တွင် မစင်ကိုသုတ်ပြီး ရမ်းသကဲ့သို့ ပြုမူပြောဆို ခြင်းကိုမူကား လက်မခံနိုင်ပါ အဆိုပါ အလှူခံကာ ကိုယ်ကျိုးစီးပွားရှာ စားနေ၍ ချမ်းသာသွား သည်ဟု ဆိုသော ရဟန်းကို မိမိသည် တိတိကျကျ သိရှိပါသည်


ထိုကိစ္စကို ရှင်လင်းပေးစေလိုပါသည်ဟု အဆိုပါရဟန်းအား သံဃာတော်အများ၏ အလယ် လူတို့၏အလယ်တွင် စစ်ဆေးမေးမြန်း စီရင်ခြင်းဖြင့် သာသနာတော်ကိုသန့်ရှင်းမည်ဆိုပါက သင့်တော်ပါမည်။

ဖော်ထုတ်ပြလိုသပ ဖော်ထုတ်ပြလိုက်ကြပါ သံဃာတော်များအနေဖြင့် မျက်နှာလွှဲ ခဲပစ် ကြည့်နေမည်မဟုတ်ဆိုသည်ကို တွေ့ရပါလိမ့်မည် ။

စာရေးသူ အားတစ်ခုပြောပြစရာရှိနေပါသေးသည် ။
မြန်မာနိုင်ငံ၏ ပြည်သူတို့ စားဝတ်နေရေး ဒုက္ခများလှပုံ ဆင်းရဲ ငတ်မွတ်ခေါင်းပါးနေကြပုံကို ရဟန်းသံဃာ တော်များက မဆိုင်သလိုကြည့်နေပြီး ဘာမှ ဝင်မပါကြဘူးဟု ရည်ရွယ်ချက်မျိုး သဘောဆောင် လာသောသင်၏ အရေးအသားအားယခု ဖြေရှင်းမည် ။

လွန်ခဲ့သော ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် စာရေးသူ မည်သည့်အရပ်တွင်သွားအိပ်နေ၍ မသိခဲ့ပါသနည်း ။

ရဟန်းသံဃာတော်တို့နှင့်သာသနာတော်အရေးကို သင်တို့လူတွေအနေနဲ့ ပူပန်တတ်တဲ့စိတ် နဲ့ ကာကွယ်လိုတဲ့စိတ်သင်တို့မှာရှိနေခဲ့တယ်ဆိုတာအမှန်ဟုသင်ဆိုခဲ့ပါမူ ထိုအရေးအခင်းတွင် အရိုက်နှက်ခံရသော သံဃာတော်တွေကို သင်မည်ကဲ့သို့ စောင့်ရှောက်ခဲ့ပါသနည်း ။

ရဟန်းသံဃာတို့သွေးပင်မြေသို့ကျအောင်တော်လှန်နေကြချိန်မှာ စာရေးသူ စစ်တွေ အောင်ရဲလင်းအပါအဝင် ဗုဒ္ဓဘာသာမြန်မာနိုင်ငံတော်သူ နိုင်ငံသားတို့ မည်သည့်အတွက် တိုက်ပွဲကို ဆက်လက်ဆင်နွဲခြင်းမပြုခဲ့ကြပါသနည်း ။

တကယ်လို့သာသင်တို့သည် တိုက်ပွဲဝင်ကြသော ရဟန်းတို့အား ကာကွယ်ခဲ့ပါမူ သံဃံ သရဏံ ဂစ္ဆာမိ ဆိုနေမဲ့ အစား သံဃာတွေရဲ့ခေါင်းနေရာမှာ မိမိတို့ ခေါင်းကို ဘာဖြစ်လို့ ဝင်ပြီး ကိုယ်စားခံပေးတဲ့ အလုပ်ကို မလုပ်ခဲ့ ကြသလဲလို့ မေးပါရစေ ။


ရိုက်ကြတာကို ကြည့်နေကြပြီးခါမှ လုပ်ရက်လိုက်ကြတာလို့ပြောလိုပြော ၊ မလုပ်ကြပါနဲ့လို့ပြောပါရစေ ။
နောာက်ထပ်သံဃာတွေ တိုက်ပွဲ မဝင်ရဲအောင် သင်တို့ ကိုယ်တိုင်လုပ်ခဲ့ကြတာဆိုတာမမေ့ပါနဲ့ လို့ပြောပါရစေ၊

ယခုကဲ့သို့ ရေးသားလိုက်ခြင်းဖြင့် သံဃာတော်များနှင့် ပြည်သူတို့အကြားဖြစ်ပေါ်လာမည့်အကျိုးအပြစ်က စိတ်ဝမ်းကွဲပြား မှုသာဖြစ်စေ နိုင်သည်ကို စဉ်းစားမိခဲ့ပါသလားဟု မေးလိုပါသည်။

ကိုယ်တိုင်ကိုယ်ကျ သိနေလို့ လိမ်စားနေတဲ့ ဘုန်းကြီးကိုတွေ့ခဲ့ရင်လဲ သက်သေအထောက်အထားနဲ့တစ်ကွ လိမ်လည်မှုနဲ့ တရားစွဲလိုက်ပါ ။

ဘယ်တော့မှ ပြည်သူတွေနဲ့ ရဟန်းသံဃာတွေကို သွေးကွဲ အမြင်အထင် မှားစေမဲ့အရေးအသားမျိုးကို တင်ပြဖို့ မကြိုးစားပါနဲ့ ၊

သင်ရေးသားခဲ့သလိုမဖော်ပြချင် မတင်ပြချင် မရေးသားချင်ပါ။
ဤအိတ်ဖွင့် ပေးစာသည် စာရေးသူတစ်ယောက်တည်း၏ ခံစားချက်မဟုတ်ဘဲ ပြည်ပတွင် နေထိုင်သော ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ ရင်တွင်းက ဖြစ်ပေါ်လာသော တူညီသော ခံစားချက်များကြောင့် ဟုဆိုလိုဆို ရဟန်းအသွင် လက္ခဏာကို ဆောင်ထားသော ပုဂ္ဂိုလ်များက ဘာသာရေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးစီးပွါး အတွက် အမြတ်ထုတ်နေ ကြသည့် ရဟန်းဟုဆိုလိုဆို စေတနာနဲ့ပြောတာပါ အမြင်မတော်လို့ပြောတာပါ ။

မဖြစ်စေချင်လို့ပြောတာပါဆိုတဲ့စကားတွေက ပြည်ပရောက် နေတဲ့သံဃာတော်တွေ မှန်သမျှ သင်ပြောခဲ့တဲ့ ပုံစံမျိုးတွေလုပ်နေကြတယ်လို့ဆိုလိုရာရောက်နေပါတယ် ။


သင်ယခုကဲ့သို့ သတိပေးရလောက်အောင်အသိတရားမဲ့နေကြတယ်လို့ ဆိုလိုရာရောက်နေပါတယ်။
စာပေကို အမြင်အမျိုးမျိုး အတွေးအမျိုးမျိုးနဲ့ မညစ်စွန်းပါစေနဲ့ သာသနာအကျိုး သယ်ပိုးလာ ခဲ့တဲ့သံဃာ ပြည်ပ သံဃာပြည်တွင်း သံဃာလို့ မခွဲခြားချင်ပါနဲ့ သာသနာတောနှစ် ၂၅၅၄ နှစ်တိုင်တိုင် သာသနာတော်ကိုသင်စောင့်ရှောက်ခဲ့တာလား ။

အဲဒီအလှူခံစားနေတဲ့သံဃာတော်တွေစောင့်ရှောက်ခဲ့တာလား တွေးကြည့်ပါ ။
လေ့လာကြည့်ပါ။
အလှူခံနေကြတာပါ ဓါးပြမတိုက်ကြပါဘူး သင်မလှူပဲ အတင်းလုမယူသွားပါဘူး ။

၂၂၇ သွယ်သောသီလတော် သိက္ခာပုဒ်တွေ အကျယ်ချဲ့ရင် ကုဋေကိုးထောင်ကျော်ရှိတဲ့ အကျင့်သီလတွေကို သင် တစ်လပြည့်အောင် မကျိုးမပေါက်ပဲနေကြည့်ပါအုန်း ။
အကယ်၍များသင်လည်းပဲ ရဟန်းတစ်ပါးဖြစ်နေပါရင်တော့ ပြောစရာကုန်ပါပြီ။

ယခုသင်တို့ အလိုရှိနေသည့် စေတနာအမှန်မှာကား နောက်တစ်ကြိမ် သံဃာ့အရေး အခင်းဖြစ်စေရန် ရည်ရွယ်နေခြင်း ဖြစ်နေသည်ကိုမူ သင်ယခု ဝန်ခံသင့်ပါပြီ ။


သံဃာတော်တို့ လုပ်ဆောင်သင့်သည်တို့ကို သံဃာတော်တို့ ကိုယ်ပိုင်ဆုံးဖြတ်ချက်အရသာလုပ်ဆောင်မည်ဖြစ်သည် ။
ရဟန်းသံဃာတို့ အလှူခံခြင်းကို သင်တို့၏အမြင်တွင်လက်ခံနိုင်ခြင်း မရှိပါက ထိုအကြောင်းအရာနှင့် ပတ်သက်သော အမြင်တစ်မျိုး တည်းကိုသာတင်ပြပြော ဆိုရေးသားသင့်ပါသည် ။

သင်္ကန်းဝတ်၍သီလဆောက်တည်နေရသော ရဟန်းတို့စားရသောဆွမ်းတစ်နပ်သည် ။
အစားမတတ်ခဲ့ပါမူ မီးရဲရဲတောက်လောင်နေသောသံတွေသံခဲကို မြိုချနေရသကဲ့သို့ သံဃာတော်တို့ ဝတ်ရုံသော သင်္ကန်းသည် မီးကျီးမီးခဲ ရဲအောင်ဖုတ်ထားသော သံပြားကို ပတ်ထားရသကဲ့သို့ပင် ပူလောင် စေခြင်းသာထိုရဟန်းအပေါ်တွင် သက်ရောက်မည်ဖြစ်သောပြစ်ဒဏ်ဖြစ်သည်။

မြတ်စွာဘုရား ၏သားတော်များအားလုံးသည် ကိုယ်ပြုသောကောင်းမှုဆိုးမှုကံ ကိုယ့်နောက်ပါမည်ကို သိပြီး သူများသာဖြစ်သည်။
နောင်အခါသင်သည် ရဟန်းသံဃာတို့အပေါ် မြင်သောအမြင်ကို ရေးသားလိုသည်ဆိုပါက လေ့လာသင့်သည်တို့ကို အရင်လေ့လာပါဟု အကြံပြုလိုက်ပါသည် ။

သင်ကိုးကွယ်နေသော သူများကိုလည်းပဲ အရင်တိုင်ပင်စေလိုပါသည်ဟု ပြန်လည်၍ ရေးသားပြန်ကြား လိုက်ပါသည်။


                                                                                                                    (thuwunnaoscar)

Friday, March 25, 2011

NUCLEAR နိင်ငံတွေ့ရဲ့ရှောင်လွှဲမရတဲ့ကံကြမ္မာ

ဝမ်းနည်းစွာ ရေးသားပါတယ်ယခုဘလော့ ရေးသားချိန်မတိုင်မီ13နာရီလောက်ကဂျပန်နိုင်ငံ  နျူကလီးယား ဓါတ်အားပေးစက်ရုံထိန်းချုပ်မှု့အောက်မှလွတ်သွားပြီလို့ဝမ်းနည်းစွာ ကြော်ငြာ လိုက်ပါတယ် ။ သို့ကြောင့်ဘာသာ စကား အခက်အရ သတင်းကြော်ငြာချက် များ ၊ သတ်မှတ်ချက်များ ၊အလွန် အန္တရယ်များသော နေရာများ ကို ဂျပန်နိုင်ငံရောက် မြန်မာ လူမျိုးများပိုမိုသိရှိနိုင်ရန်နိုင်ငံတစ်ကာ သတင်းများ ၊ ဂျပန်သတင်းများ ကို ဘာသာပြန် ၊ ပုံများ မြန်မာ ဘာသာ ပြောင်းပြီးတတ်နိုင်သလောက် အသိပေးအကြောင်းကြားပါတယ်ခင်ဗျာ။ ထို့အပြင် ရေဒီယို သတ္တိကြွ ဒေသများ ၊ မဖြတ်သန်းရ ဇုန်များကို  ဂရုတစ်စိုက်မှတ်သားပါရန် နှင့် အောက်တွင် ပြထားသောပုံမှအနီရောင်စက်ဝိုင်းအတွင်းမှချက်ချင်း ဝေးနိုင်သလောက် ထွက်ခွာပါရန်အထူးအသိပေးအကြောင်းကြားလိုက်ပါတယ် ။
အထူး သတ်မှတ် အန္တရယ်ဇုံ 
 ဖူကူရှိမား မြို့ကို ဗဟိုထားပြီး ကီလိုမီတာ 270 ပတ်လည် သည် ရေဒီယို သတ္တိကြွ ဒေသ အဖြစ် သတ်မှတ်ထားပါတယ် 

အထက်ပါပုံ အကို သေချာ လေ့လာ မှတ်သားရန် အထူးလိုအပ်ပြီး နိုင်ငံတစ်ကာ နျူကလီယားစွမ်းအင် အဖွဲ့ရဲ့ သတ်မှတ်နှုန်းထား အတိုင်းလက်ရှိအခြေအနေထုတ်ပြန်ပြီမို့ တတ်စွမ်းသလောက်  ဘာသာပြန် တင်ပေးလိုက်ပါတယ် ။
                အထက်ပါပုံရှိ အနီရောင်ပြည့် အဝိုင်းငယ် မှာ  ဓတ်အားပေးစက်ရုံ ပေါက်ကွဲတဲ့နေရာ ဖြစ်ပြီး သက်ရှိ ဖြတ်သန်းခွင့်လုံးဝမရှိတဲ့ဒေသဖြစ်ပါတယ် ။ ရေဒီယို သတ္တိကြွမှု့နှုန်း 400 msV / 1 နာရီ နှုန်းအထိ ရှိနေပါတယ် ။
            သာမာန် ရေဒီယိုကြွမှု့ အတွက် လူတစ်ဦး ခံနိုင်ရည် အဆင့်မှာ 2 msV/တစ်နှစ် ဖြစ်တာကြောင့် အလွန်များပြားတဲ့ ပမာဏလို့ပြောနိုင်ပါတယ် ။
      ထပ်မံပြီး အညိုရောင် စက်ဝိုင်းငယ် နေရာ  ရှိ ဂျပန်နိုင်ငံသားများအားလုံးကိုအိမ်တွင်အိမ်ပြင်မထွက်စေ ပဲ နျူကလီးယားစိမ့်ထွက်မှု့ဒဏ်ခံယာယီအဆောက်အဦးများထဲမှာ နေခိုင်းလျှက်ရှိပါတယ်  ။   ထိုဒေသကို လေယာဉ်မပျံသန်းရ ဇုန်အဖြစ် သတ်မှတ်ထားပါတယ် ။ နောက်ဆုံး အနီရောင်စက်ဝိုင်းကွင်း ပတ်ပတ်လည်သည် 
ယနေ့ အင်္ဂလန်၊ ပြင်သစ်တရုတ်သြစတေးလျှ နှင့်အမေရိကန်နိုင်ငံတို့မှ နိုင်ငံသားများ ကိုချက်ချင်းထွက်ခွာ ရန် သတ်မှတ်ထားသော ကီလိုမီတာ 270 ပတ်လည်ဧရိယာ ပင်ဖြစ်ပါတယ်  ။
   ထိုဧရိယာအတွင်း တိုကျိုမြို့တော်ပါ ပါဝင်တာကြောင့် ယနေ့ ထိုဒေသရှိဂျပန်နိုင်ငံသားများ ပင်လျှင် လေယျာဉ်များ ၊ ကျည်ဆန်ရထားများဖြင့် အမြန်ဆုံး  ထွက်ခွာနေကြပြီဖြစ်ပါတယ် ။ ထို့အပြင် မြန်မာ များစွာ  ရှိသောဒေသများလည်းဖြစ်ပါတယ် ။
         မြန်မာနိုင်ငံသံရုံးရဲ့ ကြော်ငြာချက်ကို မသိရှိသေးကြောင်း  အင်တာနက်သတင်းများကို ဖတ်ရပေမယ့် ကျွန်တော်တို့ဖတ်ရတာက  အနီရောင်စက်ဝိုင်းတစ်ခုလုံး အတွင်း ရေဒီယိုသတ္တိကြွနှုန်း ပမာဏဟာသာမန်ထက်  10 ကြိမ် တိတိ ကျော်သွားတယ်လို့ တရားဝင်တိုင်းတာခဲ့ပြီး ဖြစ်ပါတယ် ။  ဒါကြောင့် ရှောင်ထွက်သွားနိုင်လျှင် အကောင်းဆုံးဟု အကြံပြုရပါတယ်ခင်ဗျာ ။
 ထို့အပြင်ဂျပန် နိုင်ငံရှိ မီးရထားဂိတ်၊ကားဂိတ်၊  လေယျာဉ်ကွင်းလို ဒေသခြားခရီးသွားမယ့်နေရာတွေမှာ
 ရေဒီယိုသတ္တိကြွခံထားရနှုန်းတိုင်းတာသည့်ကိရိယာများကို  ဖြတ်သန်းစစ်ဆေးခံပြီး မှသာလျှင် ခရီးသွားခွင့်ပြုပါတယ် ။

သို့ပါသောကြောင့် ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားများ အချင်းချင်း  တတ်နိုင်သလောက် အဆက်အသွယ်ယူပြီး ယနေ့ နျူကလီးယား ဓါတ်အားပေးစက်ရုံ ၏ အမှတ်4 Reactor  ခေါင်မိုးပေါက်ထွက်မှု့ကြောင့် ဖြစ်လာမယ့် ရေဒီယိုသတ္တိကြွ နှုန်းများကို ရှောင်ရှားနေထိုင်ပါရန်  အကြံပြုပါတယ် ။
    ယခု ဘလော့အတွက် အဘက်ဘက်မှ ရှာဖွေယူသော အချက်အလက်များ  သည်သာမက နိုင်ငံတစ်ကာ သံရုံးများမှ တိုကျိုမြို့ရှိ သူတို့နိုင်ငံသားများ  ကို ထွက်ခွာရန်တရားဝင်ကြော်ငြာချက် ထုတ်အပြီး မှာ မြန်မာနိုင်ငံသားများ  အနေဖြင့် ယခု ဝိုင်းပြထားသော စက်ဝိုင်းဧရိယာ၏ တောင်ဘက်သို့  သွားရောက်နေထိုင်နိုင် ပါက နေထိုင်ပါရန် အကြံပြုရင်း ထပ်မံရရှိလာသော  သတင်းများရှိပါက အချိန်မှီဘာသာပြန်တင်ပေးသွားပါ့မယ်ခင်ဗျာ ။
    ဂျပန်နိုင်ငံရောက် ဥယျာဉ်မှူး ၂ မိုးစက် နှင့် မိခင်ကြီးသာမကမြန်မာ နိုင်ငံသား အားလုံး ဘေးအန္တရယ် များကို ဖြတ်ကျော်နိုင်ပါစေလို့ ဆန္ဒအထပ်ထပ်ပြုလျှက် ။
                                     ဥယျာဉ်မှူးများ(မြန်မာချစ်သူများ)မှကူးယူဖော်ပြပါသည်။



Friday, October 8, 2010

ကိုရင်လေးများနှင့်သီလရှင်လေးများ၏ဒုက္ခ

လျပ်တပျက်
၂၇-၉-၂၀၁၀ ညနေပိုင်း သီတဂူဆရာတော်ကြီး အမှူးရှိသော သီတဂူကပ္ပိယ (အောက်မြန်မာပြည်)
အဖွဲ့တို့ လျပ်တပျက် အစည်းဝေးတစ်ရပ် ကျင်းပသည်။ သီးတဂူဆရာတော်ကြီးသည်
အင်ဒိုနီးရှား ဘုရားထီးတင်ပွဲနှင့် သံဃာတစ်ထောင်ကျော်
သံဃာ့အစည်းအရုံးကြီးအတွက် ထိုင်း လာအို ကမ္ဗောဒီယားနှင့်
သီရိလင်္ကာနိုင်ငံစသော ဗုဒ္ဓဘာသာနိုင်ငံများမှ အထင်ကရဆရာတော်ကြီးများအား
ပင့်ဖိတ်ရန် ကြွရောက်ခဲ့စဉ် အရေးပေါ်အကြောင်းတစ်ရပ် ပေါ်လာပါသည်၊
ထိုအရေးပေါ်နှင့်ပတ်သက်ပြီး အောက်မြန်မာရှိ ကပ္ပိယအဖွဲ့များအား ဆင့်ခေါ်ကာ
နောက်လ ၁၆ ရက်နေ့ မန္တလေးမြို့ အကျဉ်းထောင်ရှိ လူပေါင်း ၆၀၀၀
(ခြောက်ထောင်)ကျော်အား အင်းစိန်ထောင်မှာ အလှူအတန်းပြုသလို
မေတ္တာကရုဏာတော်အလှူ လုပ်မည့်အကြောင်း၊ သီတဂူသာသနာပြုအဖွဲ့ကြီး
သာသနာတော်အတွက် အလုပ်လုပ်ရာ အနှစ် ၃၀ ခရီးပင်ရောက်ရှိကြောင်းနှင့်
ယခုဆက်လက်ပြီး တိုးချဲ့မည့် လုပ်စဉ်များနှင့် အရေးပေါ်
ကယ်ဆယ်ရေးအကြောင်းများနှင့် ပတ်သက်ပြီး အစည်းဝေးတစ်ရပ် ကျင်းပသည်။

အရေးပေါ်
ယခု လောလောဆယ် အရေးပေါ် ကယ်ဆယ်ရေးဟူသည်မှာ သီရိလင်္ကာတွင် ဒုက္ခရောက်နေကြသော
မြန်မာ သာမဏေများ၊ သီလရှင်ဆရာလေးများနှင့် ကျောင်းသားများကို
မြန်မာနိုင်ငံ ပြန်လည်ပြီး မိဘ ဆွေမျိုးများနှင့် တွေ့နိုင်အောင်
လေယာဉ်စရိတ်နှင့်စားစရိတ် လမ်းခရီး ချောချောမွေ့မွေ့နှင့် အမိမြေသို့
ပြန်လာနိုင်အောင် ကယ်ဆယ်ဘို့ပင် ဖြစ်ပါသည်။ ထိုမြန်မာကလေးများကို
သီဟိုဠ်နိုင်ငံသား ဒေါက်တာ စန္ဒိမာက မြန်မာပြည်မှ ဧရာဝတီ
နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့များဟု အမည်တပ်ကာ ခေါ်ဆောင်သွားခြင်းဖြစ်သည်။
တကယ်တော့ ထိုကလေးများသည် ဧရာဝတီက နာဂစ်ဒေသက မဟုတ်သည့်အပြင်
မိဘမဲ့ကလေးများလည်းမဟုတ်ကြပါ။ ထို သီဟိုဠ်သား ဒေါက်တာ စန္ဒိမာသည်
ထိုင်ဝမ်နိုင်ငံတွင်နေထိုင်ကာ မြန်မာနိုင်ငံ နာဂစ်ဒုက္ခသည်များအား
ကယ်ဆယ်မည်ဟု ထိုင်ဝမ်နိုင်ငံရှိ တရုတ်တွေအား စည်းရုံးကာ အလှူခံသည်။
ကလေးတစ်ယောက်စာအတွက် တစ်လ အမေရိကန် ဒေါ်လာ ၃၅ နှုံးဖြင့် အလှူခံသည်ဟု သိရသည်။

မျောက်ပြ ဆန်တောင်း
ထိုဒေါက်တာကြီးသည် မြန်မာနိုင်ငံမှ ကိုရင် သီလရှင် ကျောင်းသား ၁၀၀ ကျော်တို့အား ကွန်ပြူတာ
အင်္ဂလိပ်စာနှင့် ကျောင်းပညာရေးများ သင်ကြားမှု၌ ကူညီမည်ဆိုကာ
သီရိလင်္ကာနိုင်ငံသို့ ခေါ်ဆောင်သွားသည်။ ထိုကလေးများအတွက်လည်း ထိုင်ဝမ်ရှိ
တရုပ်လူမျိုးများအား အလှူခံသည်။ ထိုကလေးများသည် သီရိလင်္ကာသို့
ရောက်သွားသောအခါ သူတို့ထင်ထားသလို မဟုတ်ဘဲ သူတို့ကို စာသင်မပေး
အ၀တ်အစားမပေး မြို့နဲ့ ဝေးရာ တောရွာလေးများဆီသို့ ခွဲထားကာ
နေရာချထားပေးသည်။ မြန်မာပညာသင် ရဟန်းတော်များနှင့် ဝေးရာသို့
ပို့ထားသည်ဟို သိရသည်။ ထိုအထဲတွင် အရွယ်ရောက် အမျိုးသမီးလေးများလဲ
ပါနေသည်။ သူတို့လေးတွေရဲ့ သီဟိုဠ်ရှိ မြန်မာသံအမတ်ထံ ပေးစာနှင့်
သူတို့မိဘများထံ ပေးစာများကို ဖတ်ပြီး စိတ်မကောင်းဖြစ်ကာ မျက်ရည်များတောင်
ကျမိပါသည်။ သူတို့သည် ဘာကိုမှ မငဲ့ကွက်ဘဲ ပညာရေးတစ်ခုကိုသာ အလေးထားပြီး
လိုက်သွားကြောင်း၊ ဟိုရောက်တော့ စာလည်း သင်မပေး၊ ၀တ်စရာ၊ ဆပ်ပြာ စသော
အသုံးအဆောင်က အစ ကိုယ့်ဘာသာ ၀ယ်ယူရကြောင်း၊ အလုပ်ကြမ်းများ
လုပ်ရကြောင်းနှင့် မိန်းကလေးများအတွက် လုံခြုံမှုမရှိကြောင်းတို့ကို
ရေးထားသည်၊ ပြီးတော့ သူတို့ကို အမြန်ဆုံး မြန်မာပြည်ပြန်ရောက်အောင်
ပို့ပေးရန် အသနားခံထားသည်။ သူတို့လေးတွေကို ကွန်ပျူတာရှေ့တွင် ထိုင်စေကာ
ဓာတ်ပုံများရိုက်ပြီး ကွန်ပျူတာများ သင်ပေးနေသည်ဟု ဟန်ပြကာ
ဝက်ဘ်ဆိုက်များပေါ်တွင် တင်ကာ အလှူခံသည်။ သူတို့ဘ၀အကြောင်းကို
အင်တာနက်စာမျက်နှာပေါ်တွင် လွန်ခဲ့သော လများစွာကထဲက
တွေ့ဖူးပြီးသားဖြစ်ကြပါလိမ့်မည်။

ဝိုင်းဝန်းကူညီ
ထိုကဲသို့သော အခက်အခဲ ကြုံနေရသော မြန်မာကလေးများကို သီရိလင်္ကာတွင် ပညာသင်ကြားနေကြသော ရဟန်းတော်များ အဖွဲ့နှင့် မြန်မာသံအမတ်ကြီးတို့ ပူးပေါင်းကာ
သူတို့လေးတွေရဲ့ စာရင်းများရယူကာ သူတို့၏ အခက်အခဲများကို စုံစမ်းပြီး
ကယ်ဆယ်ဖို့ ကြိုးစားနေကြသည်မှာ လပင် အတော်ကြာပြီ။ နောက်လ ၁၀ လပိုင်းဆိုရင်
ကလေးတွေရဲ့ သီဟိုဠ်ဘ၀သည် ၁ နှစ်ပြည့်ပြီဖြစ်ပါသည်။ သီဟိုဠ်ရှိ
မြန်မာစာသင်သားများနှင့် သံအမတ်ကြီးတို့ကလည်း မြန်မာနိုင်ငံရှိ
သာသနာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်
ပြည်ထဲရေးဌာနတို့သို့ အကြောင်းကြားပါသော်လည်း အကြောင်းတစုံတရာ
ပြန်လာခြင်းမရှိသေးဟု ဆိုပါသည်။ ထိုအခက်အခဲများကို သီတဂူဆရာတော်ကြီးအား
လျှောက်ထားရာဝယ် ဆရာတော်ကြီးသည် ချက်ချင်းပင် သံအမတ်ကြီးနှင့်
သီဟိုဠ်သံဃာ့ရာဇာတို့ တိုင်ပင်ကာ ကလေးတွေရဲ့ ပတ်စပို့များကို
ရအောင်ယူနိုင်ခဲ့သည်။ သီတဂူဆရာတော်ကြီးသည် ဘယ်ဌာနကမှ မကယ်နိုင်လျှင်
သူကယ်မယ်ဟု သံအမတ်ကြီးအား အာမခံခဲ့သည်။ ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး
သီတဂူ ကပ္ပိယများအား ဆင့်ခေါ်ကာ သူတို့လေးတွေကို ကယ်ဖို့ရန် ၂၇-၉-၂၀၁၀ နေ့က
တိုင်ပင်ဆွေးနေသည်။ သီတဂူသာသပြုအဖွဲ့၏ ကရုဏာအလှူတစ်ခုဟု သတ်မှတ်ကာ
သီတဂူသာသနာပြုအဖွဲ့မှ ထိုကလေးငယ်များအတွက် လေယာဉ်လက်မှတ်ဝယ်ရန်
အလှူငွေများ စုစည်းရသည်။ လောလောဆယ် ကိုရင် ၁၂ပါးနှင့် သီလရှင်ဆရာလေး ၂၄
ပါး စုစုပေါင်း ၃၆ပါးတို့ကို ဦးစွာကယ်တင်မည်။ ထိုကလေးများကို
သီတဂူသာသနာပြုအဖွဲ့က လမ်းစရိတ်နှင့် ပြန်နိုင်ဖို့ စီစဉ်ပေးခြင်းဖြစ်သည်၊
ခေါ်ထုတ်သွားခြင်းမျိုးမဟုတ်ဘဲ သူတို့လေးတွေရဲ့ အသနားခံစာများကြောင့်သာ
ကယ်တင်ရခြင်းဖြစ်သည်။ သူတို့လေးတွေ သံအမတ်ထံနှင့် မိဘများထံရေးသော
စာများနှင့် သူတို့လေးပြောပြသော အသံဖိုင်များ၊ သီတဂူဆရာတော်ကြီးထံ ရေးသော
စာများကိုလည်း ဖတ်ရသဖြင့် အတော် စိတ်မကောင်းဖြစ်မိသည်၊ ကိုယ့်လူမျိုးကို
ကိုယ့်လူမျိုးကမှ မကယ်နိုင်ရင် ဘယ်သူကယ်နိုင်မည်နည်း၊
မျိုးချစ်စိတ်ဓာတ်ဘက်ကပဲ ကြည့်ကြည့် ဘာသာ သာသနာဘက်ကပဲ ကြည့်ကြည့်
လူမှုရေးရှု့ထောင့်ကပဲ ကြည့်ကြည့် မဖြစ်မနေ တာဝန်ယူကြရမည် ဖြစ်ပါသည်။
နောက်ထက် ကယ်တင်ဖို့ရန် ကျန်ရှိပါသေးသည်။

အစီအစဉ်
ထိုကဲ့သို့သော ပြည်ချစ်၊ ဘာသာရေး၊ လူမျိုးရေး ကရုဏာစိတ်ဓာတ်များ မွေးမြူကာ
သူတို့လေးတွေကို ကယ်တင်ရန်အတွက် သီတဂူကပ္ပိယ ၂ ယောက် သီဟိုဠ်သို့သွားမည်၊
သံအမတ်ကြီးကလည်း အားတက်သရော ကူညီပေးနေသည်ဟု သိရသည်။ သူတို့လေးတွေ၏
မိဘများကို အကြောင်းကြားရန်နှင့် လေဆိပ်မှာ သွားကြိုရန်၊ သီတဂူမှာ
နေ့လည်စာများဖြင့် ကျွေးမွေးပြီး မိဘများကို ခေါ်ကာ အပ်နှံပေးမည် ဖြစ်သည်။
ဤကား လောလောဆယ် အစည်းအဝေးမှ ဆုံးဖြတ်ထားသော အစီအစဉ်တည်း။
ဆရာတော်ကြီး၏ သြ၀ါဒအတိုင်း ယနေ့ ဒေါက်တာပညာသီဟာလင်္ကာရ နှင့် သီတဂူစတားတို့ ကလေးမိဘများထံ
ပို့စာများကို အပူတပြင်းရေးကြရပါသည်။ အမြန်ဆုံး ပို့နိုင်အောင်
ကြိုးစားနေပါသည်။

မှတ်ချက်။ ။ ကလေးမိဘများထံ နိုဝင်ဘာလာ ၁၅ ရက်နေ့ သီတဂူအပြည်ပြည်ဆိုင်ရာ သာသနာပြုဗိမာန်တော်သို့ ကိုယ်တိုင် လာရောက်
စုံးစမ်းရန်နှင့် ၁၆ ရက်နေ့ အပ်နှင်းပွဲ ပြုလုပ်မည့်အကြောင်းများ
သတင်းပေးပို့ထားသည်။

မေတ္တာကရုဏာ တရား ကိုယ်စီ စီးဖြန်းနိုင်ကြပါစေ

သီတဂူစတား

သီဟိုဠ်ရောက် မြန်မာ့ရင်သွေးငယ်ကလေးများနှင့် သီတဂူကရုဏာ
သီဟိုဠ်ရောက် မြန်မာ့ရင်သွေးငယ် ၁၀၀-တို့အနက် ၃၅-ယောက်တို့သည် ပထမအုပ်စုအနေဖြင့် Oct. 19 (အင်္ဂါနေ့)၊ Malaysia MH 740 လေကြောင်းဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ နံနက် ၁၁း၁၅ မိနစ်အချိန်တွင် ရောက်လာကြမည်ဖြစ်သည်။
သီတဂူသာသနာပြုအဖွဲ့က အပြန်ခရီးစရိတ်အားလုံးကို လှူဒါန်းလိုက်သည်။ သီဟိုဠ် မြန်မာ့သံရုံးအဖွဲ့သားများက လေယာဉ်ပျံပေါ် ရောက်သည့်အထိ စီမံဆောင်ရွက်ပေးကြမည် ဖြစ်ပါသည်။ သီတဂူသာသနာပြုအဖွဲ့မှ ဦးဝင်းအောင်နှင့် ဦးဝေလွင်တို့က သီတဂူ ဆရာတော်၏ တာဝန်ပေးချက်အရ သွားရောက်ခေါ်ဆောင်လာကြမည်ဖြစ်သည်။
ဒုက္ခပတ္တာ စ နိဒ္ဒုက္ခာ ဟောန္တု သဗ္ဗေပိ ပါဏိနော။
ဘယပတ္တာ စ နိဗ္ဘယာ ဟောန္တု သဗ္ဗေပိ ပါဏိနော။
သောကပတ္တာ စ နိေဿာကာ ဟောန္တု သဗ္ဗေပိ ပါဏိနော။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
သီဟိုဠ်ရောက် သမီးလေး မဉာဏမာဏီ (၁၆-နှစ်)ထံမှ
ဖေဖေ ဦးဉာဏ်ဝင်း၊ မေမေ ဒေါ်ဝါ၀ါ (ဥဿာမြို့နယ်၊ ပဲခူးတိုင်း) သို့ပေးစာ//
သီဟိုဠ်ရောက် သားလေး ရှင်ပညာဝရ (၁၄-နှစ်)ထံမှ
အောင်ဇမ္ဗူပရဟိတဆရာတော်(ကော့မှူးမြို့နယ်၊ရန်ကုန်တိုင်း)သို့ပေးစာများ
ကိုဤလင့်ပေါ်ကိုနှိပ်၍ကြည့်ရှုနိုင်ပါသည် www.sitagucenter.org/http://www.sitagucenter.org/


မိမိသိပြီးပေမယ့်မသိသေးသူတွေရှိပါသေးသည်ရရှိသောသတင်းအားဆက်လက်ဖြန့်ဝေ၍ကလေးများအတွက်အထောက်အပံ့ဖြစ်အောင်ကူညီပေးကြစေလိုပါသည်။

Photobucket

အမေနေ့အမှတ်တရ

မြန်မာ့အနုပညာ

you