PhotobucketPhotobucketPhotobucket
Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket
Showing posts with label သြဝါဒများ. Show all posts
Showing posts with label သြဝါဒများ. Show all posts

Thursday, July 15, 2010

သြဝါဒကထာများ

ရေဘေး ၊ မီးဘေး ၊ပြည်ပျက်ဘေးကား ၊
ဆယ်ရေးတစ်ရေး ကယ်နိုင်သေး၏
အိုဘေး ၊ နာဘေး ၊ သေခြင်းဘေးဟု
ဤဘေးသုံးပါး ၊ လွန်ကြီးမားကား ၊
သားနှင့်အမိ ဖြစ်တုံဘိလည်း
မျက်စိအောက်တွင် ရင်ခွင်တင်လျှက်
သက်သက်ရေးပိုင် ၊ မကယ်နိုင်ဘူး
လက်မှိုင်ချကာ ၊ နေရစွာရှင့်

--အသက်တွေလည်းကြီးလာပြီ၊
  ဒေါသ ၊ လောဘ ၊ မောဟတွေ
  ကြီးနေတုန်းပဲလား
--သွားတွေကျိုးနေပြီ
  မာန်စွယ်တွေမကျိုးသေးဘူးလား
--အရေတွေတွန့်နေပြီ
   အကုသိုလ်အလုပ်တွေမတွန့်သေးဘူးလား
--အသားတွေလျှော့နေပြီ
  တဏှာဆန္ဒတွေမလျှော့သေးဘူးလား
--ဆံပင်တွေဖြူနေပြီ
  စိတ်ထားတွေမဖြူသေးဘူးလား
--မျက်စိတွေမှုန်နေပြီ
  နိဗ္ဗာန်သွားမယ့်လမ်းမှုန်တုန်းပဲလား

တစ်နေ့သုံးခါ အိုးတစ်ရာဖြင့်
ချက်ကာထမင်းကျွေးမွေးခြင်းထက်
မယွင်းစင်စစ် ၊ နို့တစ်ညှစ်စာ ၊ ကြိမ်သုံးခါမျှ
မေတ္တာပွားများ ကျိုးကြီးမားသည်
ဘုရားမြတ်စွာမိန့်ခွန်းတည်း။
                  (မြေဇင်းတောရဆရာတော်)
Photobucket

အမေနေ့အမှတ်တရ

မြန်မာ့အနုပညာ

you