ကိုယ့်ထက်မြတ် ပေါင်းအပ်လွန်မင်းစွာ*နှလုံးပျော့ပြောင်း သူတော်ကောင်းကား
ကောင်းသောအမှု သုစရိုက်စုကို
ပြုလုပ်ခြင်းငှါ လွယ်ကူစွာတည့်၊
*ညစ်ညမ်းမူယာ လူ့ဗာလာကား
ကောင်းစွာအမှု သုစရိုက်စုကို
ပြုလုပ်ခြင်းငှါ မလွယ်စွာတည့်၊
*ညစ်ညမ်းမူယာ လူ့ဗာလာကား
ယုတ်မာအမှု ဒုစရိုက်စုကို
ပြုလုပ်ခြင်းငှါ လွယ်ကူစွာတည့်
*နှလုံးပျော့ပြောင်း သူတော်ကောင်းကား
မကောင်းအမှု ဒုစရိုက်စုကို
ပြုလုပ်ခြင်းငှါ မလွယ်စွာတည်း
(ညောင်ကန်အေးဆရာတော်)




No comments:
Post a Comment