အိုဘယ့်လူသား၊ ငမိုက်သား၊ သင်ကား အဝိဇ္ဖာ၊
ပိတ်ဖုံးကာ၍ ၊ ငါးဖြာအာရုံ ၊ ဒုက္ခပုံကို ၊ အကုန်မမြင် ၊
အကောင်းထင်ကာ ၊ခင်မင်တပ်မက်၊တွယ်ကာဖက်လျှက်၊
အောက်ထက်သံသာ၊စုန်ဆန်ကာဖြင့်၊တဏှာလက်သယ်
(သည်)၊ ထင်တိုင်းခြယ်၍၊ အေးတယ်မရှိ၊ဆင်းရဲဖိသည်၊
ဝဋ်၏သားကောင်လုံးလုံးတည်း။
ဝဋ်၏သားကောင်၊ဒုက္ခဘောင်မှ၊လွတ်အောင်ရုန်း၍၊
ချမ်းသာတွေ့ဖို့၊ မမေ့ရုပ်နာမ်၊ ဖြစ်ပျက်ဟန်ကို၊ အမှန်
ဉာဏ်ညှိ၊ဖြစ်တိုင်းသိလော့၊ ဝီရိနှစ်တန်၊ ရှို့မြှိုက်တံဖြင့်
ဆယ်တန်ကိလေ၊ လောင်ကျွမ်းကြေအောင်၊ မသေမနာ၊
မအိုပါခင်၊ တက်သုတ်နှင်လျက်၊ ဆောလျင်မြန်စွာ၊ရှို့မြှိုက်
ပါလော့ ၊ နောင်ခါကာလ ၊ ချိန်လွန်ရဟု ၊ နောင်တတကြီး
သင်မညည်းလင့် ၊ ဇနီးမယား ၊ သမီးသားနှင့် ၊ လင်သား
အိမ်ရာ၊အဖြာဖြာကို၊ငဲ့ကာဖင့်နှေး၊အချိန်ရွေးက၊သေဘေး
သင့်ကို ၊ ဦးလိမ့်တည်း။၊ ။ ။
No comments:
Post a Comment