ကျင့်သုံးဓမ္မ ၊ စောစောထ၍ ၊ စေတီယင်္ဂဏ ၊ စသည်ဝတ်ဝတ် ၊
မချွတ်ပြုကာ ၊ ချိန်ခါလင့်ထ ၊ အာသန၌ ၊ ဝီသ,တိံသာ ၊
ဝါရာပတ်လုံး ၊ ပိုက်ကျုံးစီးဖြန်း ၊ သင်္ကန်းသပိတ် ၊ ပရိက္ခရာ ၊
ယူဆောင်ကာလျှင် ၊ သာယာပျံ့ပျူး ၊ ဆန်းထူးစိမ့်စုံ ၊
ရဂုံမြိုင်ဝ ၊ ဝိဝေကကို ၊ အာဟာရတွက် ၊ မငဲ့ကွက်ဘဲ ၊
စားမက်ရှာရေး ၊ သုသာန်ပြေးသည့် ၊ တောခွေးအလား ၊
ရွာသို့သွားသော် ၊ စဉ်အားရောက်အောင် ၊ ကွင်းမရှောင်ရ ၊
အိမ်မြှောင်ကြွက်ချေး ၊ လင်းနို့ချေးနှင့် ၊ ခိုချေးရှဉ့်ချေး ၊
လူချေးရွံ့ဗွက် ၊ ချောက်နက်သစ်ငုတ် ၊ အကောင်ပုပ်ပြွမ်း ၊
ဆွမ်းခံလမ်းသို့ ၊ ကြိုးပမ်းချီရ ၊ တံခါးဝက ၊ များလှဘေးဘျမ်း ၊
ခွေးကြမ်းနွားထိုး ၊ ဆင်မြင်းဆိုးကြောင့် ၊ ငုံ့လျှိုးမျက်လွှာ ၊ မနေသာခဲ့ ၊ မျှော်ကာကြည့်ရ ၊ ပြန်ကာပလည်း ၊
ဧသနယော ၊ အာဟာရောသည် ၊ အဟောစက်စုပ်ဖွယ်တကား။ ။
(ပရမတ္ထသရူပဘေဒနီ) (ဒု-၃၇၂)
No comments:
Post a Comment