PhotobucketPhotobucketPhotobucket
Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket Photobucket

Thursday, July 29, 2010

ဘဝတန်ဘိုး မြတ်နိုးကြည်ဖြူ အရယူ

ညောင်ကန်အေးသာသနာ့ရိပ်သာ၌(ဓမ္မစင်္ကြာနေ့)တရားဓမ္မဟောကြားနေစဉ်
            ဘုရားဟောဖော် တရားတော်များကို လေ့လာမှတ်သားရသောအခါ ကံ၊စိတ်၊ဥတု၊ အာဟာရ
တည်းဟူသော အကြောင်းတရား လေးပါးက လောကကြီးကို ခြယ်လှယ်နေကြောင်း သိမြင်သဘော ပေါက်ခဲ့ပါ၏။        
          သို့ဆိုပါလျှင် လောကအတွင်း မှီတင်းနေငြား ကျွန်ုပ်တို့အားလည်း `ကံတရား’က စီရင် ပုံသွင်းကာ ချမ်းသာပွားစီး ရာထူးကြီးဖြင့် ကောင်းစားအောင်လည်း ပြုပြင်စီရင်ဖန်တီးပေးနိုင်သလို ၊ ဆင်းရဲနွမ်းပါး ဆိုးရွားခြင်းတွေ ၊ ဘေးအထွေထွေနဲ့ ကြုံစေနိုင်သည်မှာ လည်း ကံတရားကြောင့်ဆိုတာ့ လယ်ပြင်မှာ ဆင်သွားသလိုထင်ရှားနေပါ၏၊။
       ရှေးကကောင်းမှုမျိုးစေ့ရှိခဲ့သူတို့တတွေ ကောင်းစားအောင်မြင်နေကြသကဲ့သို့ ၊ ရှေးကမကောင်းမှုမျိုးစေ့ ရှိသူတို့များဆိုးဝါးဒုက္ခရောက်နေကြသည်ကဝန်းကျင်ကပေးသောသာဓကများမဟုတ်ပါလား။                                     သို့ဆိုပါလျှင် ဒီကံကို ဉာဏ်ယှဉ်၍ ပြန်ပြင်ယူလျှင် ကံကောင်းလာနိုင်သည်ပင် ဖြစ်ပါ၏ … 
ကံကောင်းလိုလျှင်စိတ်ကောင်းဝင် ပြုပြင်တိုင်းရ ပြုတိုင်းလှ ဟု ရှင်တော်ဘုရား ဟောကြားခဲ့သကဲ့သို့ပင် ဘုရားရှင်၏ ဂုဏ်တော်ကိုးပါးတွင်လည်း “ ၀ိဇ္ဇာစရဏ သမ္ပန္န “ဂုဏ်တော်သည်လည်း ထင်ရှား ရှိပါ၏။ ထိုဂုဏ်တော်အဖွင့်ကို လေ့လာကြည့်သော်…၀ိဇ္ဇာဟူသော အတတ်ပညာ အသိဉာဏ်ရှိသော်လည်း
စရဏ ဟူသော အကျင့်မရှိက ဆင်းရဲဒုက္ခက မလွတ်မြောက်နိုင်ချေ.. စရဏ အကျင့်သာ ရှိ၍ ၀ိဇ္ဇာဟူသော အသိဉာဏ် မရှိလျှင်လဲ လမ်းမှန်မရောက်ပဲ အလွဲကိုသာ ကျင့်နေမိသဖြင့် စီးပွားရေး လူမှု့ရေးမှအစ အရေးတကာဝယ် ခရီးမတွင်ပဲ ရှိတတ်ပေရာ ၀ိဇ္ဇာဟူသော အသိနောက် စရဏ ဟူသော အကျင့် လိုက်ပါအပ်ပေ၏..
           မည်သူမဆို အထိုက်အလျောက်တာ့ မိမိနှင့် သင့်လျှော်သော အသိပညာ အတတ်ပညာ စီးပွားရေး ကြီးပွားရေး နည်းလမ်းများကို တီးမိ ခေါက်မိတော့ သိရှိကြမည်သာ ဖြစ်ပါ၏ ။သိသလို လိုက်မကျင့် မကြိုးစားခဲ့လို့သာ အောင်မြင်မှု့ချမ်းသာနဲ့ ဝေးနေကြရခြင်း ဖြစ်ရာ သိပြီး မကျင့်သော် မသိသည်နှင့် ဘာမှ မထူးခြားရကား ပညာမဲ့ ဟူသော နာမည်ဖြင့် စာရင်းသွင်းခံရကာ နွမ်းပါးဆင်းရဲ လူတောမတိုး အဖြစ်ဆိုးနဲ့ ကြုံတွေ့နေရခြင်းသာဖြစ်ပါ၏ ။
             အဘိဓမ္မာလာ ကြီးပွား အောင်မြင် ချမ်းသာချင်သူတို့အားလုံး လက်ကိုင်သိထား ကျင့်ကြိုးစားရမည့် အဓိပတိတရား လေးပါးကို အများနားလည်လွယ်အောင် ဘာသာပြန်ကြည့်လျှင်လဲ ကံတရားဆိုတာကို မိမိ၏ ကိုယ်ပိုင်အသိဉာဏ်ဉာဏ်လုံးလ စိတ်ဓါတ်အားဖြင့် ကြိုးစားရမည်ဆိုတာ နားလည်နိုင်ပါ၏.. ဘယ်အရာမဆို ကြီးပွား အောင်မြင်လို ချမ်းသာလိုရင် လုပ်ချင်ကိုင်ချင်သည့ှ်ဆန္ဒ.လုပ်ချင်စိတ် လုပ်တတ်ကိုင်တတ်မှု ပညာနဲ့ လုပ်နေမှု ဆိုတဲ့ဝိရိယ ဆိုတဲ့ တရား လေးပါး ညီမျှမှ အောင်မြင်နိုင် ချမ်သားကြွယ်ဝ သည်ဟု နားလည်မိပါသည်.။
         ဒီတရား လေးပါးသည် တစ်ပါးက ရှေ့သွားရင် ကျန်သုံးပါး က နောက်နားက ကပ်လိုက်လာတတ်သည့် သဘောရှိရာ ချမ်းသာအောင်မြင် ကျော်ကြားလိုသူသည် ချမ်းသာအောင်မြင် ကျော်ကြားချင်မှုဆန္ဒ အရင်ဖြစ်ပေါ်လာခဲ့သော် နောက်တွင် ချမ်းသာလိုစိတ် အောင်မြင်လိုစိတ်တို့ ဖြစ်ပေါ်လာမည် ဖြစ် ရာမှ အသိပညာ အတတ်ပညာတို့ကို လေ့လာသင်ယူကြခါ စိတ်ကူးယဉ်ဆန္ဒကို အကောင်အထည်ဖေါ်ကြလို့ ရာထူးကြီးမား စည်းစိမ်များနှင့် ချမ်းသာကြွယ်ဝ နေကြသည်ဖြစ်ရာ အပြန်အလှန် အားဖြင့် ထိုတရားလေးပါး ဖြစ်ပေါ် လိုက်နာကျင့်သုံးမှု အားနည်းသူတွေမှာ ‘ဘ၀ဆိုတာ စိတ်နဲ့တန်သလို ဖြစ်တာ ‘ဆိုသည့်အယူအဆအတိုင်း သူတို့ရဲ့ စိတ်ဆန္ဒကြိုးစားမှု့နဲ့ အညီ နိမ့်ကျစွာ လုပ်ကိုင်နေထိုင် ရုန်းကန်နေကြရပေ၏။
           ဒီတော့ နေ့စဉ် ကြိုးစားရုန်းကန်နေရတာနဲ့ ဘ၀အဓိပ္ပါယ်နဲ့ ဘ၀ တန်ဖိုးဆိုတာ မသိတော့နိုင်ချေ… …..အသိဉာဏ် အခြေခံ ရင့်သန်ပြည့်စုံကြ အကြားအမြင် ဗဟုသုတ ရှိကြပါလျှက် သိသလောက် ကျင့်ကြံအားထုတ်မှု စရဏ မရှိသောကြောင့် အောက်ကျ နောက်ကျ ဖြစ်နေကြသော ပတ်ဝန်းကျင်ရှိ သူတို့ကို ကြည့်ကာ အသင်လဲ ဉာဏ်သက်ဝင်၍ ကံကို ပြုပြင်နိုင်မူ လက်ရှိဘ၀ အနေလှသလို သံသရာလမ်းလဲ ခရီးကြမ်းမည် မထင်ပေ.၊
              ဒါကြောင့် မိမိရဲ့ ကိုယ်ပိုင် ကံကို မိမိရဲ့ အသိဉာဏ်ဖြင့် ဘ၀ရဲ့ အရှိကို အသိနဲ့ ပေါင်းစပ်ပြီး ကောင်းမြတ်အောင် ကြိုးစားဆောင်ပါလျင် ကောင်းစားနိုင်သည်ချည်း ဖြစ်တယ်လို့ ခံယူ နားလည်မိပါ၏ သို့ဖြစ်ပါ၍ှဆန္ဒ. စိတ္တ .၀ိရယ. ၀ီမံသ ဟူသော အဓိပတိတရား လက်ကိုင်ထားပြီး ယခုပင်ကောင်းကောင်း   ပြုမူ နေထိုင်၊လုပ်ကိုင်၊ပြောဆိ၊ုကြံစည်ကြခြင်းဖြင့် ကောင်းမြတ်သာယာလှပသောအနာဂတ်ဘဝ 
ရရှိအောင် စွမ်းဆောင်ကြပါစို့လားဟု ဆန္ဒပြုရင်း
‘အတိတ်ကိုတွေး စိတ်မလေးနဲ့….အတိတ်ဆိုတာ ပြန်မလာဘူး’
‘အနာဂတ်ကိုမှန်း သိပ်လွမ်းနဲ့……အနာဂတ်ဆိုတာ မသေချာဘူး’
ပစ္စုပ္ပန်မှာ လုပ်သင့်ရာကို ပညာလုံ့လ အသုံးချပြီး
ဘဝနောက်နှောင်း ကောင်းထက်ကောင်းအောင် ကြိုးစားဆောင်လျှက်
`ဘဝတန်ဘိုး…အားမာန်ကိုး၍ မြတ်နိုးကြည်ဖြူ အရယူ’………. ဟု ...........မေတ္တာသီသေန..စိတ္တေန……မြန်မာ့အားမာန်.အရှင်နန္ဒဝံသ(ညောင်ကန်အေး)

No comments:

Photobucket

အမေနေ့အမှတ်တရ

မြန်မာ့အနုပညာ

you