သားသမီးများအပေါ်တွင် ချစ်အပြုံးအမြဲထားရှိကာ ချစ်မဆုံးသောသူများပင်
မဟုတ်ပါလော။
သားသမီးများကို ချစ်အပြုံးနဲ့ ချစ်မဆုံးနိုင်သူ ၊ အချစ်ဆုံးလူသားများမှာ
မိဘနှစ်ပါးပင်ဖြစ်ပေသည်။
ချစ်အပြုံးမပျက်၊ချစ်မဆုံးအဆက်ဆက်၊
အချစ်ဆုံးလူအတွက်၊အပြစ်မုန်းမယူရက်၊
အနှစ်တုံးယူလျက်၊ဆယ်သက်ဆယ်ကမ္ဘာ၊
ဆယ်သံသရာမက၊ဘဝထွေပြား၊
ရှည်လျားသက်ဆုံး၊ချစ်အပြုံးနဲ့၊
အချစ်ဆုံးတဲ့၊ချစ်ထုံးဖွဲ့ထား၊
ချစ်ခင်အားတွေ၊ကြီးမားပေလှ၊
မိနှင့်ဖကား၊သူတို့အားလျှင်၊
သားရွှေစင်က၊သမီးရွှေစင်က၊
ရွှေရင်မျက်နှာ၊ကန်ကြောက်ပါလည်း၊
ကြင်နာရွှေစိတ်၊လွန်ယိုဖိတ်လျက်၊
သားမြတ်အိပ်စေ၊သမီးမြတ်အိပ်စေ၊
သားမြတ်ရွှေရင်၊အကြားတင်ကာ၊
အသာအယာ၊အခါခါပိုက်ဖက်၊
မျက်နှာ,နှဖူး၊ဒူး,ခြေ,လက်ရုံး၊နမ်းမဆုံးခဲ့၊
အနှိုင်းမဲ့အချစ်၊အတုမဲ့မေတ္တာ၊
အကြင်နာပို၊ရင်လွှာခိုခ၊
သားလှသမီး၊ချစ်မပြီးသူ၊
နှစ်ဆူမိဘ၊အချစ်ရဆုံး၊
ချစ်အပြုံးနဲ့၊ချစ်မဆုံးသူ၊အချစ်ဆုံးလူသား။
ချစ်အပြုံးနဲ့၊ချစ်မဆုံးသူ၊အချစ်ဆုံးလူသား။
ကဗျာများဖွဲ့၊စာသားချဲ့လည်း၊
ဖွဲ့+ချဲ့မကုန်၊မိဘဂုဏ်ဟု၊
ကဗျာနုထွေး၊စာပြုရေးကာ၊
မာတာပီတ၊မိနှင့်ဖအား၊
လေးစားကော်ရော်၊ကျွန်ပူဇော်သည်၊
ရွှင်ပျော်နေ့ည အမြဲတည်း။
(အရှင်ဂုဏိန္ဒ)
No comments:
Post a Comment