ဇလွန်ပြည်တော်ပြန် စမ္မခဏ်ဂါထာတော်
ဣတိပိ ပိဋိကတ္တယံ၊အနိစ္စံ၊ဒုက္ခံ၊အနတ္တံ။
သတ္တဗောဇ္ဈဂ္ဂေါ၊အဋ္ဌင်္ဂီကော မဂ္ဂေါ စတုပဋ္ဌာနံ၊
သဗ္ဗဿ ဣန္နော၊သဟဿ သူရိယော။
သတ္တဗောဇ္ဈဂ္ဂေါ၊အဋ္ဌင်္ဂီကော မဂ္ဂေါ စတုပဋ္ဌာနံ၊
သဗ္ဗဿ ဣန္နော၊သဟဿ သူရိယော။
သြောင်းနမောမေတ္တာနံ၊ရာဇဘယံ၊စောရဘယံ၊ဥဒကဘယံ၊အဂ္ဂိဘယံ၊သတ္တဘယံ၊သဗ္ဗဘယံ၊ဇေယျော၊ ဇယတု မင်္ဂလံ၊အနိစ္စံ သင်္ခတ ပဋိစ္စသမုပ္ပန္နံ၊ခယဓမ္မံ၊ ဝယဓမ္မံ ဝိရာဂဓမ္မံ၊နိရောဓဓမ္မံ ပဏ္ဍိတာခမန္တိ။
(ဤဂါထာတော်ကို နေ့စဉ်ရွတ်ဖတ် သရဇ္ဈယ်လျှင် ဘေးရန်ကင်းစေပြီိး သူတပါးမကောင်းမကြံစည်နိုင်ပေ။ မိမိတောင်းတသောဆန္ဒကို ရရှိစေပြီး မိသားစုနှင့်မကွဲမကွာနေရခြင်း။ မိမိနေလိုသောအရပ်ဒေသ တွင်နေရခြင်းစသည့် အကျိုးများ ခံစားစေနိုင်ပါသည်။)
…………………………………………………………………………
အဋ္ဌာနမေတံ ဂါထာတော်
အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော၊
ယံ ပရူပက္ကမေန တထာဂတံ
ဇီဝိတာ ဝေါရောပေယျ၊
အနုပက္ကမေန ဘိက္ခဝေ
တထာဂတာ ပရိနိဗ္ဗာယန္တိ။
ဧတေန သစ္စဝဇ္ဇေန
သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
(အဋ္ဌာနမေတံ ဂါထာတော်ကို ရွတ်ဖတ်ပွားများ အားထုတ်ပါက အသက်အန္တရာယ်ပြုခံရခြင်းမှကင်းဝေးစေပြီး လိုရာဆန္ဒပြည့်ဝစေနိုင်ပါသည်။)
……………………………………………………………………………
နမောတေဂါထာပါဠိ
၁။ နမော တေ ဗုဒ္ဓ ဝီရတ္ထု၊
ဝိပ္ပမုတ္တော သိ သဗ္ဗဓိ။
သမ္ဗာဓပ္ပဋိပန္နောသ္မိံ၊
တဿမေ သရဏံဘဝ။
၂။ တထောဂတံအရဟနံ္တ၊
စန္ဒိမာ သရဏံ ဂတော။
ရာဟု စန္ဒံ ပမုစ္စတု၊
ဗုဒ္ဓေါလောကာ နုကမ္ပကာ။
(ဘေးအန္တရာယ်ဟူသမျှ ထွက်ပေါက်မမြင်၊လွတ်လမ်းမရှိ၊ အကျဉ်းအကျပ်၊နှောင်ဖွဲ့ခံနေရသော်လည်းကောင်း၊မိမိခွန်အား၊ ရာထူး၊အာဏာ၊ငွေဖြင့်နှိပ်စက်ကာ ရန်ပြုလာသော် အထူးအဓိဋ္ဌာန်ဝင်ကာ ပုတီးစိပ်ခြင်း၊ ပူဇော်ခြင်းပြုပါ။ ပွဲတွေ့အကျော်ဂါထာတည်း)
…………………………………………………………………………
သဗ္ဗဇယမင်္ဂလာဂါထာ
ဒိဝါ တပတိ အာဒိစ္စော၊
ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
ဈာယီ တပတိ ဗြဟ္မဏော။
အထ သဗ္ဗမဟောရတ္တိံ၊
ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တေဇသမ္ပန္နံ၊
ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။
န မက္ကာရာ နုဘာဝေန၊
သဗ္ဗေပူရေ န္တု စိတ္တသင်္ကပ္ပါ။
(ဤဂါထာတော်သည် လာဘ်လာဘ ရွှင်သောဂါထာတော် ဖြစ်သည်။ နေ့စဉ်ရွတ်ဖတ်ပွားများလျှင် အန္တရာယ်ကင်း၍ ကြီးပွားချမ်းသာပြီး ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံစေနိုင်ပါသည်။)
…………………………………………………………………………..
ဇယမင်္ဂလာအောင်ဂါထာ
ဇယစက္ကော ဇယန္တောယော၊
ဇယိတဗ္ဗေ ဇယာသနေ။
ဇယာပေသိ ဇယေသီနံ၊
ဇယံဒေတု၊ ဇယုတ္တရော။
ဧဝံ မေ တထာ ဟောတု။
(``အောင်ရှစ်ချက်သစ္စာပန္နက်ဂါထာတော်’’ဟုခေါ်ပါသည် အောင်မြင်ချမ်းသာသူတို့အား အောင်မြင်စေရန်ဖော်ပြထား သည်။ ပညာရေး၊စီးပွားရေး၊နိုင်ငံရေး၊လူမှုရေး ကိစ္စဟူသမျှ အောင်မြင်ချင်သူတိုင်း ရွတ်ဆိုသင့်ပါသည်။ မိမိသက်စေ့ရွတ်ဆိုနိုင်လျှင် ပိုမိုကောင်းမွန်ပါသည်။
………………………………………………………………..
စိန္တာမဏိဂါထာတော်
စိန္တာမဏိ ရတနာနိ၊ ဗုဒ္ဓံ ဗုဒ္ဓရတနာနံ၊
ကရံကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။
စိန္တာမဏိ ရတနာနိ၊ ဓမ္မံ ဓမ္မရတနာနံ၊
ကရံကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။
စိန္တာမဏိ ရတနာနိ၊ သံဃံ သံဃရတနာနံ၊
ကရံကရတိ သရဏံ၊ ခိပ္ပမေဝ သမိဇ္ဈတု။
(ဒုဋ္ဌဂါမဏိမင်းကြီး အမြဲမပြတ်ရွတ်ဖတ်တော်မူသော ဤဂါထာတော်ကို ရွတ်ဆိုပူဇော်ခြင်းအားဖြင့် ဘေးဒုက္ခ အမျိုးမျိုးတို့မှ ကျော်လွှားလွတ်မြောက်နိုင်၍ လိုအင်ဆန္ဒများ ပြည့်ဝစေနိုင်ပါသည်။)
……………………………………………………………………………
သဗ္ဗသိဒ္ဓိဂါထာ
၁။ သဗ္ဗေဒေဝါ စသေက္ခာ စတူဟာပေတာ စဇောဂနီ။
ရာဇမေတ္တာ မနုဿါစ၊ သဗ္ဗေ ဒေဝါ ဝိနာမေန္တု။
၂။ ဒိသွာဝ ပိယတော စိတ္တံ၊ ပုတ္တောဝ သိနေဟံ မမ၊
မယံ တဿနုဘာဝေန၊ သဒါ ဟောန္တု ပိယာ မမ။
(မြတ်စွာဘုရားရှင်၏ ဂုဏ်တော်များကို အာရုံပြု၍ ဤဂါထာတော်ကို ရွတ်ဖတ်ပူဇော်ပါ။ လူနတ်အားလုံး တို့၏ ချစ်မြတ်နိုးခြင်းကို ခံယူရရှိနိုင်၍ အရာခပ်သိမ်း တွင်ပြီးစီးအောင်မြင်နိုင်ပါသည်။
………………………………………………………………
ပထဝီဇယ မင်္ဂလာဂါထာတော်
ပထဝီ ဗလ သုန္ဒရီ ၊
သဗ္ဗညု ဗောဓိ မဏ္ဍလေ ။
အသင်္ချေယျံ မာရသေနံ ၊
ဇယော ဇယတု မင်္ဂလံ ။
(အထက်ပါဂါထာတော်ကို နံက်-၃ခေါက်၊ညဥ့်-၃ခေါက်
ရွတ်ဆိုရန် ရှေးဆရာများကညွှန်ကြားထားပါသည်။ အမှုကိစ္စရှိလျှင် ခြေစုံရပ်၍ -၇ခေါက်ရွတ်ဆိုသွားရမည်ဟု လည်း ဆိုကြသည်။)
…………………………………………………………………..
သိရသ္မိံ ဂါထာတော်ကြီး
၁။ သိရသ္မိံ မေ ဗုဒ္ဓသေဋ္ဌော ၊ သာရိပုတ္တောစ ဒက္ခိဏေ ၊
ဝါမအံသေ မောဂ္ဂလ္လာနော ၊ ပုရတော ပဋိကတ္တယံ ။
၂။ ပစိ ၦေမ မမ အာနေႏၵာ ၊ စတုဒိသာ ခီဏာသဝါ ၊
သမန္တာ လောကပါလာ စ ၊ ဣန္ဒာ ဒေဝါ သဗြဟ္မကာ ။
၃။ ဧတေသံ အာနုဘာဝေန ၊ သဗ္ဗေဘယာဥပ္ပဒ္ဒဝါ ၊
အနေက အန္တရာယာပိ ၊ ဝိနဿန္တု အသေသတော။
(ဤဂါထာတော်သည် လူသိများ ထင်ရှားသော ဂါထာတစ်ပုဒ် ဖြစ်ပါသည်။ ရှင်သူငယ်ပရိတ်ဟုခေါ်တွင်၍ စည်းချဂါထာအဖြစ် လည်း သုံးသည်။ သားသမီးးများအပေါ် ကျရောက်လတ္တံ့သော ဘေးဥပါဒ်၊ အန္တရာယ်ရန်စွယ်များမှကျော်လွှားလွတ်မြောက်နိုင်၍ ရောဂါဘယအမျိုးမျိုးတို့မှ ကင်းဝေးစေနိုင်ပါသည်။)
……………………………………………………………………………..
ဖုဋ္ဌဿဂါထာ မန္တာန်တော်
ဖုဋ္ဌဿ လောကဓမ္မေဟိ ၊ စိတ္တံ ယဿ နကမ္ပတိ ။
အသောကံ ဝိရဇံ ခေမံ ၊ ဧတံ မင်္ဂလ မုတ္တမံ ။
(ဤဂါထာဖြင့် ရှေးမြန်မာသမားတော်များက ဆီကို မန်းပြီးအနာရောဂါများကို ကုသလေ့ရှိသည်။ ဤမန္တာန်တော်ကို ရွတ်ဆို၍ သစ္စာပြုပါက သောကကင်းခြင်း၊ဘေးအန္တရာယ်များမှ ကျော်လွှား၍ အကြံအစည်များ အောင်မြင်ပြီးစီးစေနိုင်သည်။
……………………………………………………………..
ကျည်မထွက်ဂါထာ
မရာရိဗလဝဿဌာ၊ ကုဏ္ဍာ နာနာဝိဝိယုဓာ။
လဇ္ဇမာနာညဝေဝေန၊ ဇိန ပါဒါနတာ တဝ။
ဧတေန သစ္စဝဇ္ဇေန၊ ပရိဝဇ္ဇျန္တု အာဝုဓာ။
(မြတ်ဗုဒ္ဓ၏ ဘုန်းတော်ကံတော် မေတ္တာပါရမီတော်တို့၏ အစွမ်းသတ္တိထူးကြောင့် မာန်နတ်သား၏ လက်နက်မျိုးစုံတို့သည် လက်နက်အသွင်ပျောက်၍ ပန်းများအသွင်ဖြင့် ဘုရားရှင်၏ ခြေတော်အစုံကို ဦးခိုက်ပူဇော်ကြပုံကို ဖွဲ့ဆိုထားခြင်းဖြစ်သည်။ ဤဂါထာတော်ကို ယုံကြည်စွာရွဆတ်ဖတတ်ပါ၊ ရန်သူအများ ပစ်ခတ်ကြသော လက်နက်မျိုးစုံတို့မှ ကျည်မထွက်၊ ကျည်လွဲစေနိုင်ပါသည်။)
No comments:
Post a Comment