မလေးရှားနိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့်ရောက်ရှိနေကြပါသော ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့ ..............
၁၀၊၉၊၂၀၁၁ နှင့် ၁၁၊၉၊၂၀၁၁ နေ့များတွင် မလေးရှားနိုင်ငံ တမန်ဆွန်ဂိုင်းဘီစီ အရပ်ဒေသ၌ရှိသော သတိပဋ္ဌာနဓမ္မရိပ်သာ အတွင်း၌ သာသနာတော်တရပ်လုံးရှိ သံဃာတော်များ ချမ်းမြေ့စွာဖြင့် ကံကြီးကံငယ်ပြုလုပ်ဆောင်ရွက် နိုင်ရန်အတွက် ဝိဇယရံသီ အမည်ရှိ ခဏ္ဍသိမ်တော် သမုတ်ပွဲ မင်္ဂလာ ကျင်းပ ပြုလုပ်မည်ဖြစ်ပါသဖြင့် သာသနာ့ အနွယ်ဝင် သူတော်စင်တို့အနေဖြင့် လူတို့ပင် မဆိုထားနှင့် သံဃာတော်တို့ပင် ကြုံကြိုက်ခဲလှသော သိမ်နှုတ်၊သိမ်သမုတ်ခြင်းမင်္ဂလာပြုလုပ်ရာသို့ ကြွရောက်နိုင်ကြပါရန် နှိုးဆော်ဖိတ်ကြားလိုက်ရပါသည် ။ပင့်ဖိတ်ထားသော သံဃာတော်တို့အား ဖူးမြင်လိုခြင်း ၊ ဝေယျာဝစ္စဆောင်ရွက်ပေးလိုခြင်း နှင့် အဖျော်ရည်အစရှိသည်တို့အား ဆက်ကပ်လှူဒါန်းကုသိုလ်ပြုလိုသူများ ၁၀၊၉၊၂၀၁၁ ညဦးပိုင်းမှ စတင်လာရောက်ကြပါရန်နှင့် ပင့်သံဃာတော်တို့အား ကုသိုလ်ပြု နဝကမ္မ သိမ်ဆင်းလောင်းလှူ ပူဇော်လိုကြသူများ သိမ်အောင်ပွဲမင်္ဂလာ တရားသဘင်သို့ ကြွရောက်လိုသူများ ၁၁၊၉၊၂၀၁၁ တနင်္ဂနွေနေ့ နံနက် ၉ နာရီ အရောက်လာနိုင်ကြပါကြောင်း နှိုးဆော် တိုက်တွန်းလိုက်ပါသည် သူတော်ကောင်းအပေါင်းတို့။
သတိပဋ္ဌာနဓမ္မရိပ်သာအကျိုးတော်ဆောင်အဖွဲ့ ဗုဒ္ဓသာသနာနုဂ္ဂဟအသင်းသူအသင်းသားများ
stipatthana meditation centre , no.37 second floor jalan 3/108c .
Taman sungai besi . (57100) kualalumpur , Malaysia .
office: 03 7971 3267 . hp: 0166025536
No comments:
Post a Comment