အကြောင်းအမျိုးမျိုးဖြင့် မလေးရှားသို့ရောက်ရှိနေကြသူများအားလုံးကို မြန်မာ့နှစ်သစ်ကူးကာလအတွင်း သတိပဋ္ဌာန်တရားစခန်းဝင်ရောက် ကြပါရန်နှင့် ရဟန်းဘောင်ဝင်ရောက်၍တရားအားထုတ်ကြနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည် မိမိ၏ဆွေမျိုးသားချင်းမိတ်ဆွေများကိုရဟန်းဘောင်သွပ်သွင်းပေးလို၍သော်၎င်း မိမိကိုယ်တိုင် ဒုလ္လဘရဟန်းဝတ်တရားအားထုတ်လို၍သော် လည်းကောင်း ယနေ့ယခု အချိန်မှစ၍အောက်တွင်ဖော်ပြပါရှိသော ကျောင်းထိုင်ဆရာတော်၏ ဖုန်းနံပါတ်ကို တိုက်ရိုက်ခေါ်ဆိုလျှောက်ထားနိုင်ကြပါပြီ ၁၀ရက် ၄လ ၂၀၁၂ မတိုင်မှီ စာရင်းပေးသွင်းထားရမှာဖြစ်ပြီး
၁၁ရက်နေ့ နံနက် ၉ နာရီ ကျောင်းသို့  အောက်ပါလိပ်စာအတိုင်း အရောက်လာကြရပါမည်။
ယောဂီများနှင့်ဒုလ္လဘရဟန်းဝတ်လိုသူများအားလုံးအတွက် မည်သည့်ကုန်ကျစရိတ်မှ မလိုအပ်ပါကြောင်းကြိုတင်အသိပေးအပ်ပါသည်။ အကယ်၍အကြောင်းအမျိုးမျိုးကြောင့်သတ်မှတ်ချိန်ထက်
နောက်ကျ၍သော်လည်းကောင်း စော၍သော်လည်းကောင်း တရားစခန်းဝင်ရောက်လိုပါကလည်း ကြိုတင်လျှောက်ထားနိုင်ပါသည်။
ရဟန်းသံဃာများ နှင့် စခန်းဝင်ယောဂီများ အတွက် အရုဏ်ဆွမ်း ၊ နေ့ဆွမ်း ၊ စတုဒီသာ ၊ ဖျော်ရည် ၊ သစ်သီး အစရှိသော လှူဖွယ်ရာများကို ၁၁ ရက်နေ့ မှ ၁၆ ရက်နေ့ အထိ နေ့အလိုက် မိမိ ဆွမ်းဒါနပြုလိုသောနေ့ အချိန်များကို ကြိုတင် လျှောက်ထားနိုင်ပါပြီ။
သတိပဋ္ဌာနဓမ္မရိပ်သာ
အမှတ် ၃၇ ၊ ဒုတိယထပ် ၊ လမ်း အမှတ် ၃/၁၀၈(c) ၅၇၁၀၀ ၊ တမန်ဆွန်ဂိုင်းဘီစီ
ကွာလာလမ်ပူ ၊ မလေးရှား
ကျောင်းထိုင်ဆရာတော် ဦးနာရဒ
၀၁၆ ၆၀၂၅၅၃၆
Stipatthana Dhamma Centre
jalan 3/108c , Taman Sungai Besi , Pox.57100 ,
Kuala Lumpur , Malaysia
နိဗ္ဗာန်ကျိုးမျှော်၍နိုးဆော်လိုက်ရပါသည်
ဗုဒ္ဓသာသနာနုဂ္ဂဟအသင်း
(မလေးရှား)
No comments:
Post a Comment