ဝမ်းနည်းစွာ ရေးသားပါတယ်ယခုဘလော့ ရေးသားချိန်မတိုင်မီ13နာရီလောက်ကဂျပန်နိုင်ငံ နျူကလီးယား ဓါတ်အားပေးစက်ရုံထိန်းချုပ်မှု့အောက်မှလွတ်သွားပြီလို့ဝမ်းနည်းစွာ ကြော်ငြာ လိုက်ပါတယ် ။ သို့ကြောင့်ဘာသာ စကား အခက်အရ သတင်းကြော်ငြာချက် များ ၊ သတ်မှတ်ချက်များ ၊အလွန် အန္တရယ်များသော နေရာများ ကို ဂျပန်နိုင်ငံရောက် မြန်မာ လူမျိုးများပိုမိုသိရှိနိုင်ရန်နိုင်ငံတစ်ကာ သတင်းများ ၊ ဂျပန်သတင်းများ ကို ဘာသာပြန် ၊ ပုံများ မြန်မာ ဘာသာ ပြောင်းပြီးတတ်နိုင်သလောက် အသိပေးအကြောင်းကြားပါတယ်ခင်ဗျာ။ ထို့အပြင် ရေဒီယို သတ္တိကြွ ဒေသများ ၊ မဖြတ်သန်းရ ဇုန်များကို ဂရုတစ်စိုက်မှတ်သားပါရန် နှင့် အောက်တွင် ပြထားသောပုံမှအနီရောင်စက်ဝိုင်းအတွင်းမှချက်ချင်း ဝေးနိုင်သလောက် ထွက်ခွာပါရန်အထူးအသိပေးအကြောင်းကြားလိုက်ပါတယ် ။
အထူး သတ်မှတ် အန္တရယ်ဇုံ
ဖူကူရှိမား မြို့ကို ဗဟိုထားပြီး ကီလိုမီတာ 270 ပတ်လည် သည် ရေဒီယို သတ္တိကြွ ဒေသ အဖြစ် သတ်မှတ်ထားပါတယ်
အထက်ပါပုံ အကို သေချာ လေ့လာ မှတ်သားရန် အထူးလိုအပ်ပြီး နိုင်ငံတစ်ကာ နျူကလီယားစွမ်းအင် အဖွဲ့ရဲ့ သတ်မှတ်နှုန်းထား အတိုင်းလက်ရှိအခြေအနေထုတ်ပြန်ပြီမို့ တတ်စွမ်းသလောက် ဘာသာပြန် တင်ပေးလိုက်ပါတယ် ။
အထက်ပါပုံရှိ အနီရောင်ပြည့် အဝိုင်းငယ် မှာ ဓတ်အားပေးစက်ရုံ ပေါက်ကွဲတဲ့နေရာ ဖြစ်ပြီး သက်ရှိ ဖြတ်သန်းခွင့်လုံးဝမရှိတဲ့ဒေသဖြစ်ပါတယ် ။ ရေဒီယို သတ္တိကြွမှု့နှုန်း 400 msV / 1 နာရီ နှုန်းအထိ ရှိနေပါတယ် ။
သာမာန် ရေဒီယိုကြွမှု့ အတွက် လူတစ်ဦး ခံနိုင်ရည် အဆင့်မှာ 2 msV/တစ်နှစ် ဖြစ်တာကြောင့် အလွန်များပြားတဲ့ ပမာဏလို့ပြောနိုင်ပါတယ် ။
ထပ်မံပြီး အညိုရောင် စက်ဝိုင်းငယ် နေရာ ရှိ ဂျပန်နိုင်ငံသားများအားလုံးကိုအိမ်တွင်အိမ်ပြင်မထွက်စေ ပဲ နျူကလီးယားစိမ့်ထွက်မှု့ဒဏ်ခံယာယီအဆောက်အဦးများထဲမှာ နေခိုင်းလျှက်ရှိပါတယ် ။ ထိုဒေသကို လေယာဉ်မပျံသန်းရ ဇုန်အဖြစ် သတ်မှတ်ထားပါတယ် ။ နောက်ဆုံး အနီရောင်စက်ဝိုင်းကွင်း ပတ်ပတ်လည်သည်
ယနေ့ အင်္ဂလန်၊ ပြင်သစ်တရုတ်သြစတေးလျှ နှင့်အမေရိကန်နိုင်ငံတို့မှ နိုင်ငံသားများ ကိုချက်ချင်းထွက်ခွာ ရန် သတ်မှတ်ထားသော ကီလိုမီတာ 270 ပတ်လည်ဧရိယာ ပင်ဖြစ်ပါတယ် ။
ထိုဧရိယာအတွင်း တိုကျိုမြို့တော်ပါ ပါဝင်တာကြောင့် ယနေ့ ထိုဒေသရှိဂျပန်နိုင်ငံသားများ ပင်လျှင် လေယျာဉ်များ ၊ ကျည်ဆန်ရထားများဖြင့် အမြန်ဆုံး ထွက်ခွာနေကြပြီဖြစ်ပါတယ် ။ ထို့အပြင် မြန်မာ များစွာ ရှိသောဒေသများလည်းဖြစ်ပါတယ် ။
မြန်မာနိုင်ငံသံရုံးရဲ့ ကြော်ငြာချက်ကို မသိရှိသေးကြောင်း အင်တာနက်သတင်းများကို ဖတ်ရပေမယ့် ကျွန်တော်တို့ဖတ်ရတာက အနီရောင်စက်ဝိုင်းတစ်ခုလုံး အတွင်း ရေဒီယိုသတ္တိကြွနှုန်း ပမာဏဟာသာမန်ထက် 10 ကြိမ် တိတိ ကျော်သွားတယ်လို့ တရားဝင်တိုင်းတာခဲ့ပြီး ဖြစ်ပါတယ် ။ ဒါကြောင့် ရှောင်ထွက်သွားနိုင်လျှင် အကောင်းဆုံးဟု အကြံပြုရပါတယ်ခင်ဗျာ ။
ထို့အပြင်ဂျပန် နိုင်ငံရှိ မီးရထားဂိတ်၊ကားဂိတ်၊ လေယျာဉ်ကွင်းလို ဒေသခြားခရီးသွားမယ့်နေရာတွေမှာ
ရေဒီယိုသတ္တိကြွခံထားရနှုန်းတိုင်းတာသည့်ကိရိယာများကို ဖြတ်သန်းစစ်ဆေးခံပြီး မှသာလျှင် ခရီးသွားခွင့်ပြုပါတယ် ။
သို့ပါသောကြောင့် ဂျပန်နိုင်ငံရောက် မြန်မာ နိုင်ငံသားများ အချင်းချင်း တတ်နိုင်သလောက် အဆက်အသွယ်ယူပြီး ယနေ့ နျူကလီးယား ဓါတ်အားပေးစက်ရုံ ၏ အမှတ်4 Reactor ခေါင်မိုးပေါက်ထွက်မှု့ကြောင့် ဖြစ်လာမယ့် ရေဒီယိုသတ္တိကြွ နှုန်းများကို ရှောင်ရှားနေထိုင်ပါရန် အကြံပြုပါတယ် ။
ယခု ဘလော့အတွက် အဘက်ဘက်မှ ရှာဖွေယူသော အချက်အလက်များ သည်သာမက နိုင်ငံတစ်ကာ သံရုံးများမှ တိုကျိုမြို့ရှိ သူတို့နိုင်ငံသားများ ကို ထွက်ခွာရန်တရားဝင်ကြော်ငြာချက် ထုတ်အပြီး မှာ မြန်မာနိုင်ငံသားများ အနေဖြင့် ယခု ဝိုင်းပြထားသော စက်ဝိုင်းဧရိယာ၏ တောင်ဘက်သို့ သွားရောက်နေထိုင်နိုင် ပါက နေထိုင်ပါရန် အကြံပြုရင်း ထပ်မံရရှိလာသော သတင်းများရှိပါက အချိန်မှီဘာသာပြန်တင်ပေးသွားပါ့မယ်ခင်ဗျာ ။
ဂျပန်နိုင်ငံရောက် ဥယျာဉ်မှူး ၂ မိုးစက် နှင့် မိခင်ကြီးသာမကမြန်မာ နိုင်ငံသား အားလုံး ဘေးအန္တရယ် များကို ဖြတ်ကျော်နိုင်ပါစေလို့ ဆန္ဒအထပ်ထပ်ပြုလျှက် ။
- March 18, 2011 ရက် ၊ 4:56am တွင် ဥယျာဉ်မှူး ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။
No comments:
Post a Comment