သတ္တဝါတိုင်း၌မိဘနှစ်ပါးရှိကြ၏၎င်း၏မိဘများသည်လည်းပဲ မိဘများရှိကြပြန်၏ ထို့ကြောင့်ပင်လျှင်မျိုးရိုးဟူ၍ရှိကြလေ၏။ ။
တိရိစ္ဆာန်တို့သည် အသိဉာဏ်မရှိကြသောကြောင့် မိမိ၏ မွေးချင်း၊မိဘ၊ဘိုးဘွား၊
မျိုးရိုးတို့ကိုမှတ်တမ်းတင်နိုင်ချင်းမရှိကြပေ၊စားခြင်း၊အိပ်ခြင်း၊ကာမဂုဏ်ခံစားခြင်းများကိုသာလျှင်
ပြု၍ဘဝကုန်ဆုံးကြ၏ ၊။
လူတို့သည်ကားဦးဏှောက်နှင့်အသိဉာဏ်ရှိကြသောကြောင့် မိမိ၏မိဘများရှိစဉ်
ကရေးဆွဲထားသောပုံတူပန်းချီ၊ဓါတ်ပုံ၊ပန်းပုရုပ်တု၊ခြေရာ စသည်ဖြင့်ပြုလုပ်သိမ်းဆည်းကာ မျိုးရိုးမှတ်ကျောက်တင်၍သားစဉ်မြေးဆက်လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ကိုးကွယ်ပူဇော်ခြင်း ပြုကြလေ၏၊ယနေ့တိုင်ပင်လျှင်မိသားစုတိုင်း၏အိမ်ဦးခန်းမ၌ထည်ထည်ဝါဝါချိတ်ဆွဲထားရှိ၍
ဘိုးဘွားမိဘတို့ကွယ်လွန်ကြပါသော်လည်း မိမိ၏အဖိုး၊အဖွားသည်မည်သူမည်ဝါ၊ မိမိ၏ဖခင်၊
မိခင်သည်မည်သူမည်ဝါ၊စသည်ဖြင့်မိမိတို့၏မျိုးဆက်သားသမီး၊မြေးမြစ်တို့ကိုကြည့်ရှုစေနိုင်သိရှိ
စေနိုင်သောကြောင့်မျိုးရိုးစစ်မှန်ကြောင်းထင်ရှားစွာပြသနိုင်ကြပေသည်။``ဒါကြီးက ဓါတ်ပုံ၊
ပန်းချီကြီးပါ ငါ့အဖေ ငါ့အမေမဟုတ်ဘူး’’ဆိုပြီးတော့ဖျက်ဆီးခြင်း လွှင့်ပစ်ခြင်းကို မျိုးရိုးစစ်မှန်
သောမည်သည့်သားသမီးကမှမပြုလုပ်ကြပါ။တစ်ပါးသူတို့ကဖျက်ဆီးရန်မပြုနိုင်အောင်ပင်ထိန်း
သိမ်းစောင့်ရှောက်ကြပါ၏၊မျိုးရိုးထင်ရှားရှိသောဂုဏ်ကျက်သရေကိုသမိုင်းရေးဖွဲ့ကြပါသည်။ မိဘတို့၏ပုံရိပ်အငွေ့အသက်တို့ကိုမိဘတို့ကွယ်လွန်သော်လည်းရိုသေစွာဆက်လက်၍ပူဇော်ကိုး ကွယ်နိုင်သောကြောင့် မည်မျှပင်အကျိုးကျေးဇူးကြီးမားသည်ကိုအသိဉာဏ်ပညာရှိသောလူမှန်
လျှင်သိကြပါသည်။မရှိသောသူတို့သာလျှင်သမိုင်းမရေးနိုင်၍ထင်ရှားစွာပြသဖော်ထုတ်ခြင်းငှာ
မတတ်နိုင်ကြပေ။ ။
ဤကဲ့သို့ပင် အဖွဲ့အစည်း၊ဌာနဆိုင်ရာ၊နိုင်ငံတော်၊နိုင်ငံတကာတို့၌လည်း ၎င်းတို့၏ အသီးသီးသောခေါင်းဆောင်တို့ကို ဓါတ်ပုံ၊ပန်းချီ၊ပန်းပု၊ရုပ်တုတို့ပြုလုပ်၍ထိန်းသိမ်းစောင့်ရှောက်
မှတ်တမ်းတင်ဂုဏ်ပြုလျှက် နောင်လာနောင်သားတို့သိရှိဂုဏ်ပြုနိုင်ရန်သမိုင်းကြောင်းရေးဖွဲ့ကြ၏၊
မြန်မာနိုင်ငံအနှံ့အပြားတွင်လည်း ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်တု၊ပန်းချီ၊ဓါတ်ပုံ၊သမိုင်းပုံရိပ်တို့ဖြင့်
နှစ်ပေါင်းများစွာတည်တံ့ခိုင်မြဲခံ့ညားစွာတည်ရှိပါ၏။
ဗုဒ္ဓဘာသာကိုးကွယ်သောနိုင်ငံများတွင်မြတ်စွာဘုရား၏ကြွင်းကျန်သောဓါတ်တော် မွေတော်တို့အားဌာပနာ၍စေတီပုထိုးများကိုတည်ထားကိုးကွယ်ကြသည်မှာအမြောက်အများ
ပင်ဖြစ်သည်၊မြန်မာဗုဒ္ဓဘာသာဝင်တို့၏အိမ်တိုင်း၌ပင်လျှင်ဗုဒ္ဓမြတ်စွာဘုရား၏ပုံတူပန်းချီ၊
ဆင်းတုရုပ်ပွားတော်မြတ်တို့အား ဘုရားစင်တည်ထားကိန်းဝပ်စေလျှက် အနေကဇာတင်ကာ
ဝတ်ပြုဆည်းကပ်ကိုးကွယ်ပူဇော်ကြပါ၏၊ မြတ်စွာဘုရားသက်တော်ထင်ရှားရှိစဉ်ကတည်းကစ၍
မိမိတို့၏ အဆက်ဆက်ဖြစ်သောဘိုးဘွားမိဘတို့ အဆင့်ဆင့်လက်ဆင့်ကမ်း၍ နှစ်ပေါင်းများ လှစွာပင်ကြာမြင့်လာသည့်တိုင်အောင်သမိုင်းကြောင်းတလျှောက်တည်တံ့ခိုင်မြဲလာသည်မှာ
အသိဉာဏ်ပညာရှိသူတို့အဆင့်ဆင့်ပြုပြင်ထိန်းသိမ်းစောင့်ရှောက်လာသောကြောင့်ပင်ဖြစ်သည်
သမိုင်းထင်ရှားရှိသောဗုဒ္ဓဘာသာမျိုးရိုးစစ်မှန်ကြောင်းသက်သေပင်တည်း၊အဖိုးရှိခဲ့၍အဖေရှိ
သည်၊ အဖေရှိခဲ့၍သားသမီးရှိခဲ့သည်၊ မျိုးရိုးရှိ၍ပြောင်မြောက်စွာမှတ်ကျောက်တင်သမိုင်းရေးထိုး
၍လူသိထင်ရှားမကွယ်မဝှက်ထုတ်ဖော်ပြသနိုင်သည်။မရှိသောသူတို့သာလျှင်သမိုင်းမရေးနိုင်၍
ထင်ရှားစွာပြသဖော်ထုတ်ခြင်းငှာမတတ်နိုင်ကြပေ။ ။
ဗုဒ္ဓမြတ်စွာဘုရားသာသနာမပြုခင်ကာလ၌ဖခင်ရှိသည်၊မိခင်ရှိသည်၊နေအိမ်ရှိသည်၊ တိုင်းပြည်ရှိသည်၊ဇနီးရှိသည်၊သားရှိသည်၊စည်းစိမ်းချမ်းသာရှိသည်၊ဉာဏ်ပညာရှိသည်၊ခွန်အားရှိသည်၊
ရုပ်အဆင်းရှိသည်၊လူသားစင်စစ်ြဖစ်ခဲ့သည်၊သက်တော်(၂၉)နှစ်ပြည့်သော်နိမိတ်(၄)ပါးမြင်ကြား၍ တောထွက်ရဟန်းပြုသည်။သမိုင်းသည်ခိုင်မာစွာဖော်ပြနိုင်၍ဗုဒ္ဓဝင်ကျမ်းပြုစုနိုင်သည်။
မြောက်များလှစွာသောစည်းစိမ်ချမ်းသာတို့ကိုငြီးငွေ့၍စွန့်လွှတ်နိုင်သောသတ္တိရှိသည်၊
အရိုးပေါ်အရေတင်သည့်တိုင်အောင်ခန္ဓာကိုယ်အားစွန့်လွှတ်၍စစ်မှန်သောနိဗ္ဗာန်
ရောက်ကြောင်းတရားကိုရှာဖွေနိုင်သောသတ္တိရှိသည်၊
မင်းဧကရာဇ်တို့၏စည်းစိမ်အပြည့်နှင့်စားသောက်ခြင်းကိုစွန့်လွှတ်၍သပိတ်တစ်လုံး
နှင့်သာအလှူခံ၍တစ်နပ်တာဆွမ်းကိစ္စကိုပြီးစေသည်။
ကြီးကျယ်ခမ်းနားသောနန်းတော်မှခွာ၍သစ်တစ်ပင်အောက်၌သာလျှင် တရား အား ထုတ်ခြင်းပြုသည်။
စစ်မှန်သောတရားကိုရရှိပြီးနောက် လူ၊နတ်၊သတ္တဝါတို့အားထိုစစ်မှန်သောတရား
ရစေရန်သွန်သင်ညွှန်ပြပေးသည်။
ဤသို့ကိလေသာအညစ်အကြေးတို့ကိုအကုန်အစင်ပယ်သတ်တော်မူပြီးသော
လူနတ်တို့၏ဆရာမြတ်အစစ်ဖြစ်တော်မူသော၊စစ်မှန်သောမျိုးရိုးဇာတိရှိတော်မူသော၊
ဗုဒ္ဓမြတ်စွာဘုရားသည်ပရိနိဗ္ဗာန်ပြုပြီးပါသော်လည်းဗုဒ္ဓဘာသာဝင်တို့သည်ကြွင်းကျန်သော ဓါတ်တော်မွေတော်တို့ကိုဌာပနာ၍ဆင်းတုတော်၊ရုပ်ပွားတော်၊စေတီတော်၊တို့ကိုတည်ထားပြုလုပ်၍
ခောတ်အဆက်ဆက်ပြုပြင်ထိမ်းသိမ်းစောင့်ရှောက်၍ဗုဒ္ဓမြတ်စွာဘုရားသက်တော်ထင်ရှားရှိ
သည့်အလားမြတ်ဗုဒ္ဓ၏ဂုဏ်တော်တို့ကိုရိုသေစွာဆည်းကပ်ပူဇော်ကြပါသည်။
မရှိသောသူတို့သာလျှင်သမိုင်းမရေးနိုင်၍ထင်ရှားစွာပြသဖော်ထုတ်ခြင်းငှာ၊ မတတ်နိုင်ကြပေ၊ ပျက်စီးစေလိုသည့်စိတ်ဖြင့်သာကြံစည်ကဲ့ရဲ့ခြင်းပြုကြကုန်၏။
စေတီတော်အားရှိခိုးပူဇော်စဉ် အခိုက်သော်၎င်း မိမိနေအိမ်၌ဗုဒ္ဓရုပ်ပွားတော်ဆင်းတု
တော်တို့အားရှိခိုးပူဇော်စဉ်အခိုက်သော်၎င်း မိမိ၏စိတ်ကိုဗုဒ္ဓ၏ဂုဏ်တော်များအားအာရုံပြု၍
ကြည်ညိုသဒ္ဒါပွားများနိုင်ပါကပွားများနိုင်သလောက်အကျိုးကျေးဇူးများသဖြင့် သက်တော်ထင်
ရှားသဗ္ဗညုတမြတ်စွာဘုရားအားမျက်မှောက်ထား၍ကိုးကွယ်ဝတ်ပြုနေရသကဲ့သို့ပင် ကိုယ်၊
စိတ်၊နှလုံး ကြည်လင်ချမ်းမြေ့သုခရ၍ကုသိုလ်ပွားများသုဂတိလားနိုင်ပါသည်။
ဗုဒ္ဓဘာသာမြတ်စွာဘုရားအားသက်ဝင်ယုံကြည်ကိုးကွယ်သူတို့အနေဖြင့်
မိမိတန်ဘိုးထားယုံကြည်သက်ဝင်ကိုးကွယ်သောဗုဒ္ဓ၏ကိုယ်ပွားဆင်းတုတော်များသည်ဗုဒ္ဓ၏
ပုံရိပ်များဖြစ်သောကြောင့်သက်တော်ထင်ရှားသဗ္ဗညုမြတ်စွာဘုရားဟုစိတ်အာရုံတို့၌ထင်ရှား
ဖြစ်စေလျှက်ဂုဏ်တော်အနန္တတို့ကိုနှလုံးသွင်းရှိခိုးပူဇော်ခြင်းကိုပင်ပြုသင့်ပါသည်။
မယုံကြည်၊မကိုးကွယ်သူ၊သာသနာပျက်စီးရန်ကြံဆောင်သူတို့၏ ကဲ့ရဲ့ပုတ်ခတ်ခြင်းတို့ကိုဥပေက္ခာပြု၍ ဗုဒ္ဓဘာသာတို့ပီသစွာမေတ္တာပို့သနိုင်ကြပါစေ။
ဗုဒ္ဓမြတ်စွာဘုရားအားအသက်ကိုအပ်နှံခြင်းဖြင့်ပူဇော်ပါ၏
ဗုဒ္ဓမြတ်စွာဘုရားအားခန္ဓာကိုအပ်နှံခြင်းဖြင့်ပူဇော်ပါ၏
ဗုဒ္ဓမြတ်စွာဘုရားအားဝိပဿနာတရားအားထုတ်ခြင်းဖြင့်ပူဇော်ပါ၏။




No comments:
Post a Comment