ကျေးဇူးကြီးမားတယ်ဆိုတာကတော့ ကစားတဲ့အခါနိုင်တာလေးတစ်ခုတည်းကိုပဲ သူက ကျေးဇူးတွေ ကြီးပြီလို့ သတ်မှတ်ပါတယ်။
လောကီကောင်းကျိုးလေးပါပဲ။ ကလေးဆိုတော့ ကလေးဘာသာဘာဝပေါ့။
ကလေးဘဝ၊ကလေးအချင်းချင်း ကစားကြတဲ့အခါမှာ ဘုရားဂုဏ်တော်ပွားပြီးတော့ ကစားတာ အနိုင်ရတယ်ဆိုတော့ ဒီအနိုင်ရတဲ့ကျေးဇူးလေးတစ်ခုတည်းနဲ့ကိုပဲ ဘုရားကိုကျေးဖူးတင်လွန်းလို့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်တွေ အချိန်ရသလောက်အမြဲတမ်း
ပွားများနေပါတယ်။
အခုလည်းပဲ သုသာန်ထဲမှာ တစ်ယောက်ထဲ နေပြီးတော့ မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကိုပွားများရင်းနဲ့ အိပ်ပျော်သွားပါတယ်။ သူ့နားကိုဘီလူးတွေရောက်လာကြပါတယ်
ဘုရားရဲ့ဂုဏ်တော်ကိုပွားပြိးတော့ နှလုံးသားမှာဘုရားတည်ထားတဲ့ ကလေးကို မင်းမစားပါနဲ့ ။ စားရင်မင်းဒုက္ခရောက်
လိမ့်မယ်လို့သမ္မာဒိဌိဘီလူးက ပြောတာကို နားမထောင်ပဲ မိစ္ဆာဒိဌိဘီလူးက ကလေးရဲ့ခြေထောက်နှစ်ဖက်ကိုသွားပြီးတော့ ဆွဲတယ်။
ဆွဲလိုက်တော့ ကလေးကရုတ်တရတ် နိုးသွားတာပေါ့။ နိုးတဲ့အချိန်မှာ ဘီလူးရယ်၊ဘာရယ်လို့ သူမသိသေးပါဘူး။နိုးနိုးချင်း
အသိစိတ်ကလေးပေါ်လာတာနဲ့ တစ်ပြိုင်နက်တည်း `နမော ဗုဒ္ဓဿ’လို့လွှတ်ခနဲ ရွတ်လိုက်ပါတယ်။
`နမောဗုဒ္ဓဿ’လို့ရွတ်လိုက်တာနဲ့ တစ်ပြိုင်နက်တည်း ဘီလူးရဲ့ခန္ဓာကိုယ် ပူလောင်ပြီးတော့ ဒီကလေးရဲ့ ခြေထောက်ကို လွှတ်လိုက်ရတယ်။ ကလေးအနားမှာကပ်တောင် မကပ်နိုင်တော့ဘူး။ ကလေးနဲ့ခပ်ခွာခွာ ဆုတ်ပြေးရတယ်။
ဒီတော့သမ္မာဒိဌိဘီလူးကမင်းကိုငါပြောတယ်မဟုတ်လား။ဒီကလေးကိုမစားပါနဲ့လို့။ အခုတော့မင်းမပြစ်မှားသင့်တဲ့သူကိုတော့မင်းပြစ်မှားမိသွားပြီ၊ဒုက္ခရောက်တော့မယ်၊
ဒီတော့ တို့တစ်တွေဒဏ်ထမ်းကြရအောင်။ဒီကလေးအပေါ်မှာပြစ်မှားမိတဲ့ အပြစ်တွေအတွက် ဒဏ်ထမ်းကြရအောင် ဆိုပြီတော့
ဘီလူးနှစ်ကောင်က မိဘအသွင် အယောင်ဆောင်ပြီးတော့၊ မိဘအသွင်ဖန်ဆင်းပြီးတော့ ကလေးလေးကိုစောင့်ရှောက်နေကြပါတယ်။
အဲဒီမှာ မိစ္ဆာဒိဌိဘီလူးက ရှင်ဘုရင့်နန်းတော်ထဲက သော့အထပ်ထပ်ခပ်ထားတဲ့ စားဖိုဆောင်ထဲကနေ ဘုရင့်ရဲ့ စားတော်ခွက်ကိုယူ၊ဘုရင့်ရဲ့စားတော်တွေ အပြည့်ထည့်လာပြီးတော့ ကလေးလေးကိုကျွေးပါတယ်။
ကလေးလေးကတော့ အမေ၊အဖေကကျွေးတယ် ထင်ပြီးတော့စားနေတာပေါ့။ ဗိုက်ပြည့်အောင်စားပြီးတာနဲ့ ကလေးလေးက အိပ်လိုက်တယ်။ မိဘအသွင်နဲ့ဟိုကဖန်ဆင်းထားတာဆိုတော့ မိဘလို့ပဲထင်နေတာပါ။ အဲဒီတော့မိဘတွေကျွေးတဲ့ ထမင်းကိုစားပြီးတော့ ကလေးလေးကအိပ်ပျော်သွားပါတယ်။ ကလေးလေးအိပ်ပျော်သွားပေမယ့် ဘိလူးနှစ်ကောင်က မပြန်သေးပါဘူး၊ ဘေးရန်အန္တရာယ်အနှောင့်အယှက်တွေကို မကြုံတွေ့ရအောင် ၊ တစ်ခြားဘီလူး၊သရဲတွေ၊တိရိစ္ဆာန်တွေ အနှောင့်အယှက်မပေးနိုင်အောင်၊ ဘေးရန်မပေးနိုင်အောင်ဆိုပြီးတော့ မိဘအသွင်ဖန်ဆင်းပြီး ကလေးကို တစ်ညလုံး ညလုံးပေါက် စောင့်ရှောက်နေကြပါတယ်။
မနက် အရုဏ်တက် လင်းတော့မှပဲပြန်သွားကြပါတယ်။ မပြန်ခင်မှာ မိစ္ဆာဒိဌိဘီလူးက၊ သူကလည်းဘီလူးဆိုပေမယ့် နတ်ဘီလူးပေါ့လေ။ မိစ္ဆာဒိဌိဘီလူးကဘုရင့်စားတော်ဆောင်ထဲက ယူလာတဲ့ ရွှေခွက်မှာ သူ့ရဲ့တန်ခိုးနဲ့စာလေးရေးထားခဲ့တယ်။ `ဒီရွှေခွက်ကိုဒီကလေးခိုးတာမဟုတ်ပါဘူး။ ဘီလူးတွေကစားဖိုဆောင်ထဲကနေယူပြိတော့ ကလေးကို ကျွေးမွေးခြင်းဖြစ်ပါတယ်။ ကလေးဟာနှလုံးသားမှာဘုရားတည်ထားတဲ့ပုCိုလ်ဖြစ်တဲ့အတွက်၊ကလေးရဲ့နှလုံးသားဟာဂုဏ်တော် နှလုံးသားဖြစ်နေတဲ့အတွက်
ကလေးကိုပူဇော်တဲ့အနေနဲ့၊တစ်နည်းပြောရင်တော့ ကလေးရဲ့ဂုဏ်တော်နှလုံးသားကိုပူဇော်တဲ့နေနဲ့ကျွန်ုတို့ဘီလူးတွေက စားဖိုဆောင်
ကနေယူပြီးတော့ကျွေးမွေးခြင်းဖြစ်ပါတယ်။ဒိကလေးမှာဘာအပြစ်မျမရှိပါဘူး။ ကလေးကိုအရေးမယူပါနဲ့’လို့ အဲဒီလိုအဓိပ္ပါယ်ရတဲ့
စာကိုရွှေခွက်မှာဘီလူးကရေးထားခဲ့ပါတယ်။ရေးပြီတော့လှည်းပေါ်မှာဒီအတိုင်းပဲတင်ထားခဲ့ပါတယ်။ အမှန်ကတော့ကလေးကို ကောင်းကျိုးရအောင်ချီးမြှောက်ချင်တဲ့စိတ်နဲ့လုပ်လိုက်တာပါ။
တွေးမယ်ဆိုရင်တော့တွေးစရာပေါ့၊ဒီဘီလူးကလည်းတော်တော်လျှာရှည်တာပဲ၊သူ့ဘာသာသူ စားခွက်ကို စားဖိုဆောင်မှာ လက်ရာမပျက်၊ချေရာမပျက် ပြန်ထားလိုက်လည်းပြီတာပဲလို့ တွေးစရာပါပဲ။ အမှန်ကတော့ဂုဏ်တော်နှလုံးသားပိုင်ရှင်ကလေးလေးကို
ချီးမြှောက်ချင်လို့ပါ။ဒီလိုလုပ်မှလည်းရှင်ဘုရင်က ဒိကလေးရဲ့ဂုဏ်ကိုသိပြီးတော့ဒီကလေးကိုချီးမြှောက်မှာပေါ့။
အဲဒါနဲ့ နောက်တစ်နေ့မနက်ရောက်တော့ ဘုရင့်စားဖိုဆောင်မှာရှင်ဘုရင့်ရဲ့စားတော်ခွက်ကမရှိတော့ဘူး။မရှိတော့မြို့တံခါး
ပိတ်ပြီးတော့တစ်မြိုံ့လုံးလိုက်ရှာတယ်။မတွေ့ဘူး။မြို့ပြင်ကိုထွက်ပြီးရှာတော့ သုသာန်ထဲကလှည်းပေါ်မှာရွှေခွက်နဲ့ကလေးကို လက်ပူး
လက်ကြပ်မိတော့ ကလေးကိုသူခိုးပဲဆိုပြီးတော့ဖမ်းဆိးသွားကြတယ်။
ဘုရင့်ရှေ့တော်မှောက်ရောက်တော့ ရွှေခွက်ကိုဘုရင့်ကိုဆက်၊ဘုရင်ကရွှေခွက်ကိုကြည့်တော့ ဘီလူးရေးထားတဲ့စာကို
တွေ့တယ်။မင်းမှုထမ်းယောင်္ကျားတွေကြည့်တုန်းကမမြင်ပါဘူး။ဘယ်မြင်မလဲ ရှင်ဘုရင်ကလွဲလို့ ဘယ်သူမှမမြင်စေနဲ့လို့ဘီလူးက
ဓိဌာန်ထားတယ်။
ရှင်ဘုရင့်လက်ထဲစားတော်ခွက်ရောက်သွားးတော့ ရှင်ဘုရင်ကမိစ္ဆာဒိဌိဘီလူးရေးထားတဲ့စာတွေအကုန်လုံးမြင်တယ်။
မြင်တော့`သြော် ဒီကလေးဟာအသက်ငယ်ပေမယ့် နှလုံးသားမှာဘုရားတည်နေတဲ့ပုCိုလ်ပဲ။ဒီကလေးရဲ့နှလုံးသားဟာဗုဒ္ဓါနုဿတိ
နှလုံးသားပဲလိုတရနှလုံးသားပဲ’ဆိုပြီးတော့ ရှငိဘုရင်ကလည်းကလေးလေးကိုအရမ်းပဲကြည်ညိုသွားပါတယ်။
အဲဒါနဲ့ကလေးပျောက်လို့လိုက်ရှာရင်း လိုက်ရှာရင်း မိဘနှစ်ပါးကလည်း ဘုရင့်နန်းတော်ထဲရောက်လာပါတယ်။မိဘနှစ်ပါး
ကတော့နှစ်ပါးလုံးမိစ္ဆာဒိဌိပါပဲ။ရှင်ဘုရင်က ဒီကလေးကိုရော၊ကလေးမိဘတွေကိုရော တစ်ခါတည်း ဘုရားဆီခေါ်သွားတယ်။
အံသြစရာအဖြစ်အပျက်လေးကိုလျှောက်ထားချင်လို့ မြတ်စွာဘုရားဆီကိုခေါ်သွားတယ်။
မြတ်စွာဘုရားရှင်ကလည်း တရားဂါထာခြောက်ခုနဲ့တရားဟောကြားလိုက်တဲ့အတွက် ကလေးလေးလည်း သောတာပန်
ဖြစ်သွားတယ်၊ကလေးရဲ့မိဘမိစ္ဆာဒိဌိတွေလည်း သောတာပန်ဖြစ်သွားတယ်။
ဒီနေရာမှာလည်း ကောက်ချက်ချခဲ့ရမယ်။တချို့ကအတ္တစွဲကြီးမားစွာနဲ့ပြောလေ့ရှိတယ်၊ `သရဏဂုံသုံးပါးဆောက်တည်ထားတဲ့ ဗုဒ္ဓဘာသာဝင်မှသာလျှင် တရားထူး တရားမြတ်ရနိုင်တယ်။ ဗုဒ္ဓဘာသာဝင်အဖြစ်မခံယူဘဲနဲ့ဝိပဿနာအားထုတ်လို့တော့ တရားမရနိုင်
ဘူး’လို့ဘာသာစွဲကြီးမားစွာ၊အတ္တစွဲကြီးမားစွာ ပြောလေ့ရှိပါတယ်။စာတွေမှာလည်းမကြာခဏဖတ်ရပါတယ်။
ဒိဝတ္ထုလေးတစ်ခုထောက်လိုက်ရင်ကိုပဲအဖြေကရှင်းနေပါပြီ။ ကလေးလေးကလည်းမိစ္ဆာဒိဌိဝင်ပါ။ မိဘနှစ်ပါးကလည်း မိစ္ဆာဒိဌိဝင်ပါ။ ဗုဒ္ဓဘာသာဝင်တွေမဟုတ်ကြပါဘူး။သရဏဂုံသုံးပါးဆောက်တည်မထားကြပါဘူး။ဒါပေမယ့် မြတ်စွာဘုရားဟောကြားတဲ့တရားကိုနာကြား၊မြတ်စွာဘုရားပေးတဲ့သတိပဌာန်ကျင့်စဉ်ကို ကျင့်ကြံအားထုတ်လိုက်တဲ့အတွက်ကြောင့်
သားအမိသားအဖ သုံးယောက်စလုံးသောတာပန်ဖြစ်သွားကြပါတယ်။
ဒါကြောင့် သတိပဌာန်အလုပ်၊ဝိပဿနာအလုပ်ကို တကယ်တမ်းအားထုပ်ဖို့သာအဓိကပါ။ဝိပဿနာအလုပ်ကို ဝိပဿနာအ
လုပ်နဲ့တူအောင် အမှန်တကယ်အားထုပ်နေပြီဆိုရင်တော့ ဘာ ဘာသာဝင်ပဲဖြစ်ဖြစ်တရားထူးး တရားမြတ်ကိုရရှိနိုင်ပါတယ်။
အလုပ်က ပဓာနပါပဲ။ အဖွဲ့အစည်းဝင်၊ဘာသာဝင်ဆိုတဲ့ နာမည်ခံတွေက ပဓာနမဟုတ်ပါဘူး။
အဲဒီတော့ သားအမိ၊သားအဖသုံးယောက်စလုံး သောတာပန်ဖြစ်သွားကြပြီဆိုတော့ နိဗာန်ကို တိုက်ရိုက်မျက်မှောက်ပြုလို့ရသွားပြီ
ဖလသမာပတ်ဝင်စားပြီးတော့ နိဗာန်ရဲ့အရသာကိုကိုယ်တိုင်ကိုယ်ကျ အရှင်လတ်လတ် ခံစားခွင့်ရသွားပြီဆိုတော့ သာသနာကိုသိပ်ပြီး
တော့ကြည်ညိုလာတယ်။
ကြည်ညိုတော့ သားအမိ၊သားအဖသုံးယောက်စလုံး သာသနာ့ဘောင်ဝင်ပြီးတော့ တရားတွေနာ၊တရားတွေအားထုတ်နဲ့
ကျင့်ကြံကြိုးကုတ် အားထုတ်လိုက်တာ သားအမိ၊သားအဖသုံးယောက်စလုံး ရဟန္တာဖြစ်သွားကြပါတယ်။ အဖေလည်းရဟန္တာဖြစ်၊
အမေလည်းရဟန္တာဖြစ်၊သားလည်းရဟန္တာဖြစ်၊ဘယ်လောက်များနေရာကျလိုက်ပါသလဲ။ ဘာကနေမြစ်ဖျားခံလိုက်သလဲဆိုရင်
ဗုဒ္ဓါနုဿတိ နှလုံးသားကနေ မြစ်ဖျားခံလိုက်တာပါ။
ဂုဏ်တော်နှလုံးသားကြောင့်အပြင်ဘေးရန်တွေသာမက ၊ အတွင်းဘေးရန်လို့ခေါ်တဲ့ ကိလေသာဘေးရန်တွေလည်းငြိမ်းသွား
ပါတယ်။ရဟန္တာဖြစ်သွားပြီဆိုမှတော့ကိလေသာဘေးရန်တွေ အကုန်အစင် အကြွင်းမဲ့ငြိမ်းအေးသွားပြိပေါ့။အပြင်ဘေးရန်ငြိမ်းအေးဖို့
ထက် အတွင်းဘေးရန်ငြိမ်းအေးဖို့က ပိုပြီးတော့အရေးကြီးပါတယ်။
သာမန်အနေနဲ့ပြင်ပမှာတွေ့ရှိရတဲ့ ဘေးရန်အန္တရာယ်တွေကင်းရှင်းစေတဲ့ လိုတကိုရစေနိုင်တယ်လို့မှတ်သားထားပေါ့။
နက်နက်ရှိင်းရှိင်းလေးနဲ့ကြည့်မယ်ဆိုရင်တော့ မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကို ပွားများနေခြင်းကြောင့် အတွင်းဘေးရန်လို့ခေါ်တဲ့
ကိလေသာတွေလည်းပဲ ငြိမ်းအေးသွားနိုင်တယ်လို့အာရုံပြုကြရမှာပါပဲ။
အတွင်းဘေးရန်ဖြစ်တဲ့ ကိလေသာငြိမ်းဖို့ဆိုတာကတော့ ပွားနေတဲ့အခိုက်မှာ တဒင်္ဂပဟာန်(အခိုက်အတန့်ပယ်သတ်ခြင်း)
နဲ့တော့ငြိမ်းအေးနိုင်ပါတယ်။အကြွင်းမဲ့တော့မငြိမ်းအေးနိုင်ပါဘူး။ ဂုဏ်တော်ပွားများခြင်းကိုအခြေခံပြီးတော့ ဝိပဿနာ ဆက်လက်အား
ထုပ်လို့ မဂ်ဥာဏ်၊ဖိုဥာဏ်နိဗ္ဗာန်ရသွားမှပဲ အကြွင်းမဲ့ ငြိမ်းအေးတာပါ။
ဘေးရန်ကင်းလို၊ ဂုဏ်တော်ကို၊ ပွားကိုပွားရမည်။
မြတ်စွာဘုရားရှင်ရပြ ဂုဏ်တော်တွေဟာ မြင့်မြတ်လွန်းလှတဲ့အတွက် ဂုဏ်တော်ပွားနေသူရဲ့စိတ်နှလုံးဟာလည်း မြင့်မြတ်
နေပါတယ်။စိတ်နှလုံးမြင့်မြတ်သူဆီကို ဘေးအန္တရာယ်တွေမလာရောက်နိုင်ပါဘူး။ တကယ်လို့လာရောက်ခဲ့ရင်လည်း ဘေးအန္တရာယ်
တွေကပဲလက်မြှောက်အရှုံးပေးရပါတယ်။
ဝဋ်ကြွေးရှိလို့ ရုပ်ခန္တာ ဘေးရန်ဖြစ်တောင်မှ စိတ်ခန္တာကတော့ ဘေးရန်မဖြစ်ပါဘူး။ရုပ်ရှုံးရင်တောင် စိတ်ဘယ်တော့မှမရှုံးပါဘူး။ ။
No comments:
Post a Comment