ရေဘေး ၊ မီးဘေး ၊ပြည်ပျက်ဘေးကား ၊
ဆယ်ရေးတစ်ရေး ကယ်နိုင်သေး၏
အိုဘေး ၊ နာဘေး ၊ သေခြင်းဘေးဟု
ဤဘေးသုံးပါး ၊ လွန်ကြီးမားကား ၊
သားနှင့်အမိ ဖြစ်တုံဘိလည်း
မျက်စိအောက်တွင် ရင်ခွင်တင်လျှက်
သက်သက်ရေးပိုင် ၊ မကယ်နိုင်ဘူး
လက်မှိုင်ချကာ ၊ နေရစွာရှင့်
--အသက်တွေလည်းကြီးလာပြီ၊
ဒေါသ ၊ လောဘ ၊ မောဟတွေ
ကြီးနေတုန်းပဲလား
--သွားတွေကျိုးနေပြီ
မာန်စွယ်တွေမကျိုးသေးဘူးလား
--အရေတွေတွန့်နေပြီ
အကုသိုလ်အလုပ်တွေမတွန့်သေးဘူးလား
--အသားတွေလျှော့နေပြီ
တဏှာဆန္ဒတွေမလျှော့သေးဘူးလား
--ဆံပင်တွေဖြူနေပြီ
စိတ်ထားတွေမဖြူသေးဘူးလား
--မျက်စိတွေမှုန်နေပြီ
နိဗ္ဗာန်သွားမယ့်လမ်းမှုန်တုန်းပဲလား
တစ်နေ့သုံးခါ အိုးတစ်ရာဖြင့်
ချက်ကာထမင်းကျွေးမွေးခြင်းထက်
မယွင်းစင်စစ် ၊ နို့တစ်ညှစ်စာ ၊ ကြိမ်သုံးခါမျှ
မေတ္တာပွားများ ကျိုးကြီးမားသည်
ဘုရားမြတ်စွာမိန့်ခွန်းတည်း။
(မြေဇင်းတောရဆရာတော်)
(မြေဇင်းတောရဆရာတော်)




1 comment:
သြ၀ါဒများ မှတ်သားသွားပါတယ်..
ကျန်းမာပါစေ..ချမ်းသာပါစေ...
(ကြွေးမွေး မဟုတ်ပါ ကျွေးမွေးပါ)
Post a Comment