တုန်ချိလို့ ခါးမသန်တယ်၊ ကျားကန်ကန် ထောက်ရင်း ၊
ပိုးချစား အိုရိပြန် ၊ ပြိုမည့်ဟန် ယိမ်းနွဲ့ မာန်သွင်း။ ။
လေတိုက်တိုင်း ပုန်းမလုံအောင် ၊ နှလုံးတုန်လေခြင်း ၊
သုံးအပုံ ကွေကွင်းလို့ ၊ ငွေ စာရင်း ချူချာ၊။
သာလာရံ ဇရပ်ကြီးလိုပ ၊ တထပ်တည်း နှိုင်းချင့်စာနာ။ ။
သို့ကလောက် ပျက်ပြိုရှာတယ် ၊ ခွက်အိုချာ ဖျာအရိတွေနဲ့ ၊
ဇရာဖိ ကျိုးပဲ့ မှုတ်တွေ ၊ အိုးရွဲ့ ရှုတ်ပွေ ၊
ပိုးနှဲတဲ့ ထုတ်အခြေငယ် ၊ ပြုတ်မသေ ကံကောင်းကွဲ့လေး။ ။
(ဦးကေဝလ)
No comments:
Post a Comment